Honor က Magic7 Series ရဲ့ စတုတ္ထမြောက် စမတ်ဖုန်း ဖြစ်တဲ့ Magic7 Lite ကို ကြေညာလိုက်ပါတယ်။ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး IP64 ရေစိုခံစံနှုန်း ပါပါတယ်။
Honor Magic7 Lite မှာ 6.78” AMOLED Display (FHD+ 120Hz) တပ်ဆင်ထားပြီး 4000 Nits Peak Brightness ပါပါတယ်။ Snapdragon 6 Gen 1 Chipset နဲ့ Adreno A710 GPU ထည့်ထားပါတယ်။
108MP Main ကင်မရာ ထည့်သွင်ထားပြီး Optical Image Stabilization ပါပါတယ်။ နောက်ကင်မရာ တစ်လုံးက 5MP Wide Angle ဖြစ်ပါတယ်။ Main ကင်မရာက 4K Video ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ ထည့်ထားပြီး 1080p Video ရိုက်ကူးနိုင်ပါတယ်။ 6,600mAh Silicon-cargon Battery နဲ့ 66W Charging ပါလာပါတယ်။ Android 14 အခြေပြု Honor MagicOS 8.0 ထည့်ထားပါတယ်။
ကြီးမားတဲ့ 6600mAh Battery ပါလာပြီး 66W Fast Charging ထောက်ပံ့ထားပါတယ်။ Honor Magic7 Lite အတွက် Titanium Purple နဲ့ Titanium Black အရောင်တွေ ထုတ်လုပ်ထားပြီး 8/512GB ကို ၃၉၉ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ယူကေမှာ ရောင်းချမှာ ဖြစ်ပါတယ်။
Ref : gsmarena