Honor က Dimensity 8100 Chip ထည့်သွင်းထားတဲ့ တန်ဖိုးနည်း Pad 9 Pro ကို ကြေညာလိုက်ပါတယ်။ တက်ဘလက်မှာ Pad 9 ထက် ပိုတောက်ပပြီး ပိုမြန်တဲ့ Display တပ်ဆင်ထားပါတယ်။ 12.1” LCD ဖြစ်ပြီး 144Hz Refresh Rate ၊ 2.5K Resolution (1560x1600p) ထောက်ပံ့ထားပါတယ်။

Honor MagicPad 2 arrives with AI, Pad 9 Pro tags along

စိတ်ဝင်စားစရာကောင်းတာက Pad 9 Pro အတွက် မတူညီတဲ့ Display ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ၁ ခုက သာမာန် LCD ဖြစ်ပြီး နောက် ၁ ခုက Blue Light ကို ကာကွယ်ပေးတဲ့ အမျိုးအစား ဖြစ်ပါတယ်။

အရင်မျိုးဆက်ထက် အရွယ်အစားသေးငယ်သွားပြီး Display ဘေးဘောင်တွေက ပိုမိုပါးလွှာလာပါတယ်။ Battery က ၂၀ ရာခိုင်နှုန်း ပိုကြီးလာပြီး 10,050mAh ဖြစ်လာပါတယ်။ 8 or 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Magic OS 8.0 မောင်းနှင်ထားပါတယ်။

Honor Magic Pen 3 Stylus နဲ့ တွဲဖက် သုံးနိုင်ပြီး Keyboard Accessory ထုတ်လုပ်ထားပါတယ်။ Gray နဲ့ Blue အရောင်ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Protective Screen မော်ဒယ်ကို လိုချင်ရင် ၂၇ ဒေါ်လာ ပိုမို ကျသင့်မှာပါ။

Ref : gsmarena