Honor က အိန္ဒိယမှာ Pad X8a တက်ဘလက်ကို ကြေညာလိုက်ပြီး တန်ဖိုးနည်း အမျိုးအစား ဖြစ်ပါတယ်။ တက်ဘလက်မှာ 11” FHD 90Hz Display တပ်ဆင်ထားပြီး 1200x1920p Resolution ရှိပါတယ်။ Qualcomm Snapdragon 680 Processor မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

HONOR Pad X8a

8,300mAh Battery ပါလာပြီး အားအပြည့်သွင်းထားရင် ဗီဒီယို ၁၄ နာရီနဲ့ သီချင်း ၈၅ နာရီ ကြည့်ရှုနားဆင်နိုင်ပါတယ်။ တက်ဘလက် ဒီဇိုင်းက လှပပြီး အထူက ၇.၂၅ မီလီမီတာနဲ့ အလေးချိန်က ၄၉၅ ဂရမ် ရှိပါတယ်။ အပြင်သွားရင် သယ်ဆောင်ရ လွယ်ကူ အဆင်ပြေပါတယ်။

Honor Pad X8a Price In Korea (South) August 2024 | MobGsm (KR)

Honor Pad X8a မှာ Android 14 OS မောင်းနှင်ထားပြီး စပီကာ ၄ လုံး တပ်ဆင်ထားါတယ်။ အိန္ဒိယမှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး Flip Cover ကို အခမဲ့ လက်ဆောင်ပေးမှာပါ။ ၁၂,၉၉၉ ရူပီး သတ်မှတ်ထားပြီး တက်ဘလက်ဈေးကွက်မှာ တန်ဖိုးနည်း အမျိုးအစား တက်ဘလက်ကို လိုချင်သူတွေအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာပါတယ်။

Honor က Magic V3, MagicPad 2 တက်ဘလက်, Magic Watch 5 နဲ့ MagicBook Art 14 လက်ပ်တော့တွေကို နိုင်ငံတကာမှာ ကြေညာလိုက်ပါတယ်။

Ref : gizmochina