Honor က ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ Pad X9 တက်ဘလက်ကို ကြေညာခဲ့ပြီး အခုတော့ Pad X9a ကို မိတ်ဆက်လိုက်ပါတယ်။
Honor Pad X9a မှာ 11.5” LCD 2508x1504p Display သုံးထားပါတယ်။ 120Hz Refresh Rate , 400 Nits Peak Brightness ပါလာပါတယ်။ 35W Charging ပါတဲ့ 8,300mAh Battery သုံးထားပါတယ်။
Honor Pad X9a မှာ Snapdragon 685 SoC မောင်းနှင်ထားပြီး Android 15 အခြေပြု MagicOS 9.0 ထည့်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ပါလာပါတယ်။ ကင်မရာ ၂ လုံး တပ်ထားပြီး 8MP Main နဲ့ 5MP ဆဲလ်ဖီးတွေ ဖြစ်ပါတယ်။
Honor Pad X9a ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး စပီကာ ၄ လုံး ပါပါတယ်။ Stylus ၊ Bluetooth Keyboard တွေနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ LTE တော့ မရဘဲ WiFi ဆက်သွယ်မှုကိုပဲ သုံးနိုင်မှာပါ။
Honor Pad X9a အတွက် Gray အရောင် ထုတ်လုပ်ထားပြီး Honor ရဲ့ မလေးရှား ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။ ဈေးနှုန်းကို မသိရသေးပါဘူး။
Ref : gsmarena