Honor က Play 60 Plus ကို တရားဝင် ကြေညာလိုက်ပြီး စွမ်းရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ Snapdragon 4 Gen 2 Chipset မောင်းနှင်ထားပြီး 120Hz LCD Display နဲ့ 35W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။

Honor Play 60 Plus debuts with Snapdragon 4 Gen 2 and 6,000 mAh battery

Honor Play 60 Plus မှာ 6.77” LCD HD+ Display ပါလာပြီး 850 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်လုံးထိခိုက်တာကို ကာကွယ်ပေးဖို့ 2 Nits အထိ လျှော့ချနိုင်ပါတယ်။

Honor Play 60 Plus With Snapdragon 4 Gen 2 SoC, 6,000mAh Battery Launched:  Price, Specifications | Technology News

Honor Play 60 Plus မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 5MP ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပြီး IP64 စံနှုန်းနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Honor Play 60 Plus အတွက် Phantom Black , Wonderland Green နဲ့ Moonlight White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB Version ကို ၂၀၆ ဒေါ်လာနဲ့ 12/512GB Version ကို ၂၃၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena