Honor က ဘက်ထရီ ကြီးမားပြီး Dimensity 6080 Chipset  ပါတဲ့ တန်ဖိုးနည်း Play 8T ကို ကြေညာလိုက်ပါတယ်။

Honor Play 8T is official with Dimensity 6080 and 6,000 mAh battery - GSMArena.com news

Honor Play 8T မှာ 6.8” LCD Full HD+ မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 850 Nits Brightness ထုတ်လုပ်ပေးနိုင်ပါတယ်။ Core ၈ လုံး ပါတဲ့ Dimensity 6080 Chipset မောင်းနှင်ထားပြီး 2.4GHz Cortex-A76 Core ၂ လုံးနဲ့ 2.0GHz Cortex-A55 Core ၆ လုံး ပါပါတယ်။

HONOR Play 8T launched: Dimensity 6080, 90Hz screen, 6,000mAh battery

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်က Punch Hole မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 35W Charging ထောက်ပံ့တဲ့ 6,000mAh Battery ထည့်ထားပါတယ်။

Honor Play 8T မှာ Android 13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး စတီရီယို စပီကာ၊ နားကြပ်ပေါက်၊ microSD Slot နဲ့ လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားတာပါ။

Honor Play 8T အတွက် Midnight Black , Jade Green နဲ့ Streaming Silver အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB Version ကို ၁၅၀ ဒေါ်လာနဲ့ 12/256GB Version ကို ၁၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်နဲ့ Third-party Store တွေကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena