Honor Play 9A စမတ်ဖုန်းဟာ TENAA ပေါ်မှာ Screen အရွယ်အစားနဲ့ ဘက္ထရီပမာဏတို့လို အချက်အလက် အချို့နဲ့အတူ ရောက်ရှိနေခဲ့ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ TENAA ဝက်ဆိုက်မှာ Specs အပြည့်အစုံနဲ့အတူ ဓါတ်ပုံတွေကိုပါ ထပ်မံဖြည့်သွင်းထားတာ တွေ့ခဲ့ရပါတယ်။

Play 9A ဟန်းဆက်သစ်ဟာ နောက်ဘက်မှာ လေးထောင့်ပုံစံ Module ထဲမှာ Camera Sensor နှစ်ခုနဲ့ ထွက်ရှိလာကာ သူ့ရဲ့ဘေးမှာတော့ Fingerprint ကိုမြင်ရမှာဖြစ်ပါတယ်။ ဒီဖုန်းဟာ Entry-level ဟန်းဆက်တစ်ခု ဖြစ်ကြောင်း ပေါ်လွင်လာခဲ့ပြီး နောက်ဘက်မှာ 13MP အဓိကကင်မရာနဲ့ 2MP Depth Sensor တို့ကို တွဲဖက်ထားတာပါ။

အတွင်းပိုင်းမှာတော့ Helio P35 ချစ်ပ်ဆက်က ဦးဆောင်လာပြီး 4GB RAM ကို 64GB သို့ 128GB Storage နဲ့ တွဲဖက်ထားပါတယ်။ ရှေ့ဘက်မှာတော့ 6.3” လက်မ LCD Dislay ပါဝင်ပြီး သူ့ရဲ့ Waterdrop Notch လေးထဲမှာ 8MP ဆဲလ်ဖီကင်မရာ ထည့်သွင်းထားတယ်။

ဘက္ထရီ 4,900 mAh တောင်ပါဝင်ပြီး အားသွင်းစနစ်က 10W သာဖြစ်ပါတယ်။ Honor Play 9A ဖုန်းဟာ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ Honor 30S ဖုန်းစီးရီးသစ်နဲ့အတူ ကြေညာလာမှာဖြစ်လို့ အဲဒီအခါမှသာ သူ့ရဲ့ဈေးနှုန်းကို သိရှိနိုင်မှာပါ။

Ref – GSM Arena