Honor Play4 Series ကို ဇွန်လ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းကို MIIT နဲ့ TENAA တို့မှာ မှတ်ပုံတင်ထားပြီးပါပြီ။ အခုတော့ Honor Brand ရဲ့ တရုတ်က မန်နေဂျာ ဖြစ်သူက အဲဒီ စမတ်ဖုန်းရဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပြီး ခန္တာကိုယ် အပူချိန်တိုင်းတဲ့ ဆန်ဆာပါမယ်ဆိုတာ သတင်းပေးထားပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို တခြား စမတ်ဖုန်းတွေမှာ ထည့်သွင်းထားတာ ရှားပါးပေမယ့် ကိုရိုနာဗိုင်းရက်စ် ကပ် ရောဂါ ကာလမှာ အရမ်းကို အသုံးဝင်မှာ ဖြစ်ပါတယ်။

Honor Play4 Pro ရဲ့ လျှို့ဝှက်နာမည်မှာ OXP-AN00 ဖြစ်ပြီး Geekbench မှာ Kirin Chipset မောင်းနှင်ထားမယ်လို့ ဖော်ပြထားပါတယ်။ Chipset အတိအကျကို မသိရသေးပါဘူး။ 8GB RAM ပါလာမှာ ဖြစ်ပြီး Android 10 အခြေပြု EMUI 10 မောင်းနှင်ထားနိုင်ပါတယ်။ Google Services ပါလာမှာ မဟုတ်ပါဘူး။ 4,100mAh ဘက်ထရီ ထည့်သွင်းထားပြီး ၆.၅၇ လက်မ မျက်နှာပြင် ထည့်ထားမှာပါ။ အရွယ်အစား အပြည့်အစုံမှာ 162.7×75.8×8.9mm ဖြစ်ပါတယ်။

Honor Play4 ရဲ့ လျှို့ဝှက်နာမည်ဟာ DVC-AN00 ဖြစ်ပြီး Bluetooth SIG Website မှာ မှတ်ပုံတင်ထားပါတယ်။ Bluetooth 5.1 ပါလာမှာ ဖြစ်ပြီး ဖိုင်တွေ ပေးပို့ရင် ပိုမြန်လာမှာ ဖြစ်ပါတယ်။ စွမ်းအင် စားသုံးမှု သက်သာစေမှာ ဖြစ်ပါတယ်။

Ref : gsmarena