ယခုလအတွင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေဆီကနေ 100W အထက် Fast Charging နည်းပညာတွေကို ဆက်တိုက်ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ Vivo ကနေ 120W နဲ့ OPPO ကနေ 125W Fast Charging နည်းပညာတွေကို ယခုလမှာ မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေညာထားသလို realme ကလည်း ယခုလအတွင်းမှာ 120W Fast Charging နည်းပညာကို မိတ်ဆက်ဖို့စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။
ဒါပေမယ့်လည်း အဆိုပါ စမတ်ဖုန်းကုမ္ပဏီတွေထက် ပိုသာတဲ့ Fast Charging နည်းပညာကို Honor ကနေ မိတ်ဆက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် 200W Fast Charging ကို Honor ကနေမိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ 200W Fast Charging ဟာ စမတ်ဖုန်းအတွက်တော့မဟုတ်သေးဘဲ Gaming Laptop အတွက်ဖြစ်လာမှာပါ။
ယခုသတင်းကိုတော့ “@Ark” အမည်ရတဲ့ Weibo Blogger တစ်ဦးကနေဖော်ပြခဲ့တာဖြစ်ပြီး 20V 10A နှုန်းနဲ့အားသွင်းပေးနိုင်မယ့် USB-C Charger ရဲ့ Specification တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Charger သို့မဟုတ် Gaming Laptop ရဲ့ Model ကိုတော့ HW-200A00P00 လို့နာမည်ပေးထားတယ်လို့ သိရပါတယ်။
Gaming Laptop တွေအတွက် 200W Charging စနစ်ဟာ ထူးခြားချက်မဟုတ်တော့သလို 200W နဲ့အထက် Power Adapter တွေကိုအသုံးပြုနေတဲ့ Gaming Laptop တွေလည်း ရှိနေတာမှန်ပေမယ့် Honor ရဲ့ Gaming Laptop ဟာ 200W Charging စနစ်ကို USB-C PD Fast Charging အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိ USB-C PD Charger တွေဟာ 100W အထိပဲ အများဆုံးရှိသေးတဲ့အတွက် Huawei ကနေ တကယ်လို့ 200W USB-C PD Fast Charging ကိုထုတ်ပြနိုင်ခဲ့ရင် ကမ္ဘာ့ပထမဆုံးဖြစ်သွားမှာပါ။
လောလောဆယ် သိရှိရလာတဲ့သတင်းတွေအရ အဆိုပါ 200W Fast Charging စနစ်ကို အသုံးပြုလာမယ့် Honor Gaming Laptop ဟာ 0-50% ကိုအားသွင်းဖို့ မိနစ် ၃၀ ပဲကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုနည်းပညာသာ ကျယ်ပြန့်လာမယ်ဆိုရင် Gaming Laptop တွေက Charging အတွက် Power Adapter အကြီးတွေလိုအပ်မှာမဟုတ်တော့ပါဘူး။
Ref – Giz China