Honor က ပါးလွှာ ပေါ့ပါးတဲ့ Magic V2 Foldable ဖုန်းကို တရုတ်မှာ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး အခုတော့ နောက်လမှာ နိုင်ငံတကာအတွက် ချပြတော့မှာပါ။ Honor က စက်တင်ဘာလ ၁ ရက်နေ့ IFA Berlin မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး Foldable ဖုန်း ၂ လုံး မိတ်ဆက်မှာပါ။

Honor IFA berlin

ကုမ္ပဏီက ကြေညာမယ့် ဖုန်း အမည်တွေကို မပြောသေးဘဲ “Unfold Tomorrow” Tagline ကိုပဲ ဖော်ပြထားပါတယ်။ အဲဒီထဲက တစ်လုံးက Magic V2 ဖြစ်နိုင်ပါတယ်။

Honor မျှဝေထားတဲ့ ပိုစတာမှာ တခြား ဖုန်း တစ်လုံးကို မြင်ရပြီး  Honor ဟာ Foldable ၂ လုံးကို ကြေညာနိုင်ပါတယ်။ ကုမ္ပဏီက Flip ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့အကြောင်း မကြာခင်က အသိပေးထားပါတယ်။

Honor Magic V2, the world\'s slimmest foldable phone, launched in China:  price, specifications

Honor Magic V2 ဟာ Foldable ဖုန်းတွေထဲမှာ တစ်မူထူးခြားပြီး ခေါက်ချိုးထားရင် အထူက ၉.၉ မီလီမီတာပဲ ရှိပါတယ်။ ဖြန့်ထားရင်  အထူက ၄.၇ မီလီမီတာပဲ ရှိပါတယ်။ အလေးချိန်က ၂၃၇ ဂရမ်ပဲ ရှိပြီး ဈေးကွက်ထဲက ပြိုင်ဖက် Foldable ဖုန်းတွေထက် ပိုမို ပေါ့ပါးပါတယ်။

အဲဒီဖုန်းမှာ Snapdragon 8 Gen 2 Chipset ၊ 120Hz AMOLED မျက်နှာပြင်နဲ့ 66W Charging ထောက်ပံ့တဲ့ 5,000mAh Battery တွေ ထည့်သွင်းထားပါတယ်။

Ref : gizmochina