Honor ဟာ V40 Series စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပေမယ့် Huawei ကနေ ခွဲထွက်လိုက်တဲ့အတွက် မိတ်ဆက်မယ့်အချိန်ကို စတင်ရွေ့ဆိုင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ Honor V40 ဖုန်းကို လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြန်လည်မိတ်ဆက်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Honor ကနေ Weibo စာမျက်နှာမှာ မိတ်ဆက်မယ့်အချိန်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ကို ထပ်မံရွေ့ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကလည်း စမတ်ဖုန်းတွေမှာ ပြဿနာရှိနေတာကြောင့်မဟုတ်ဘဲ Conference Venue နဲ့ Equipment ပိုင်းမှာ ပြဿနာရှိနေတာကြောင့်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Honor ကနေ Honor V40 စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေကိုပါ ပြသခဲ့ပါတယ်။ အရောင်အနေနဲ့ကတော့ Honor V40 ဖုန်းမှာ Black ၊ Blue နဲ့ Peach ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Camera Setup အနေနဲ့ကတော့ 50MP Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Macro Sensor နဲ့ Laser Autofocus Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ 120Hz Refresh Rate ရှိတဲ့ 6.72″ OLED Display ထည့်သွင်းထားမဘ်လို့ သိရပါတယ်။

Performance ပိုင်းကိုတော့ MediaTek Dimensity 1000+ Chipset ကို မိတ်ဆက်ထားပြီး 4000mAh Battery ကိုမှ 66W Fast Charging Support ရရှိမှာဖြစ်ပါတယ်။ Wireless Charging ပါ ပါဝင်မှာပါ။

Ref – Gizmo China