Honor ကနေ ယခုလအတွင်းမှာ Honor 10X စမတ်ဖုန်းကို မိတ်ဆက်ဖို့ရှိနေပေမယ့် Xiaomi ကနေလည်း Redmi 10X ဖုန်းကို မိတ်ဆက်ဖို့ရှိနေတဲ့အတွက် Honor 10X အစား Honor X10 ဆိုပြီး နာမည်ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Honor X10 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပါပြီ။

Honor ကနေ ယခုကြေညာချက်ကို Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး လာမယ့် မေလ ၂၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Teaser ပုံထဲမှာတော့ ဖုန်းရဲ့ ပုံစံကို ဖော်ပြထားခြင်းမရှိဘဲ 5G ပါဝင်မယ်ဆိုတာကိုပဲ အတည်ပြုသွားခဲ့ပါတယ်။

Honor ကနေ အခုလိုမျိုး Honor X10 အကြောင်းပြောကြားခဲ့ခြင်းမရှိပေမယ့်လည်း TENAA မှာ ပေါက်ကြားထားတဲ့သတင်းတွေအရ Honor X10 စမတ်ဖုန်းဟာ Kirin 820 5G Chipset နဲ့ 6.63″ Full HD+ LCD Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 40MP Sony IMX600 Sensor နဲ့ 8MP Ultrawide ၊ 2MP Sensor တစ်ခုပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Selfie Camera ပါဝင်မှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 4200mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကို Support ပြုလုပ်မယ်လို့လည်း သိရပါတယ်။ Fingerprint Sensor အနေနဲ့ကတော့ ဘေးဘက်မှာပဲ Power Button နဲ့အတူထည့်သွင်းထားမှာဖြစ်ပါတယ်။

Honor X10 စမတ်ဖုန်းဟာ စျေးနှုန်းကိုတော့ မသိရှိရသေးပေမယ့် Mid Range ဖုန်းတစ်ခုအနေနဲ့ပဲ ထွက်ရှိလာမှာဖြစ်ပြီး Redmi Note 9 နဲ့ Redmi K30 ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena