Honor က X60 Series ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပြီး Pro မော်ဒယ်မှာ ပိုကောင်းတဲ့ Display နဲ့ Processor ပါလာပါတယ်။

Honor X60 Pro မှာ 6.78” Curved OLED 120Hz 1224×2700 Display တပ်ဆင်ထားပြီး 3,000 Nits Brightness ထောက်ပံ့ထားပါတယ်။ ရေစိုတဲ့လက်နဲ့ ဖုန်းကို အသုံးပြုနိုင်ပါတယ်။ Snapdragon 6 Gen 1 မောင်းနှင်ထားပါတယ်။

The same 108MP camera on both

X60 နဲ့ X60 Pro မှာ 108MP နဲ့ 2MP Depth ကင်မရာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ Pro ရဲ့ အရှေ့ဘက်မှာ ဆေးတောင့်ပုံ Punch Hole ထည့်သွင်းထားပြီး 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ Pro မှာ Under Display Fingerprint Reader နဲ့ X60 မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

Powerful stereo speakers on the Honor X60 Pro

Honor X60 မှာ ပြားချပ်တဲ့ Display တပ်ဆင်ထားပြီး 6.8” LCD 1080x2412p ဖြစ်ပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ Dimensity 7025 Ultra Chipset မောင်းနှင်ထားပါတယ်။ X60 မော်ဒယ် ၂ လုံးစလုံးမှာ 8GB , 12GB RAM နဲ့ 128GB, 256GB , 512GB Storage ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပါတယ်။

အဲဒီဖုန်း ၂ လုံးရဲ့ ကွာခြားချက်က Battery ဖြစ်ပါတယ်။ X60 မှာ 35W Charging ထောက်ပံ့တဲ့ 5,800mAh Battery ပါပါတယ်။ X60 Pro မှာ 66W ပါတဲ့ 6,600mAh Battery ထည့်သွင်းထားပါတယ်။

Honor X60 Pro tipped to launch as durable mid-range Android smartphone with  satellite messaging - NotebookCheck.net News

X60 8/128GB ကို တရုတ်မှာ ၁၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ X60 Pro 8/128GB ကို ၂၁၀ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena