Honor က တန်ဖိုးနည်း X Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ရောင်စုံ ထုတ်လုပ်ပေးထားပါတယ်။ Honor X6b မှာ 6.56” TFT LCD Display တပ်ဆင်ထားပြီး HD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch ပတ်လည်မှာ ဖုန်းနဲ့ App သတင်းအချက်အလက်တွေကို ပြသပေးတဲ့ Magic Capsule ပါလာပြီး အရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။

Honot X6b key specs

MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့အတူ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။

Honor X6b color options

Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပြီး 35W Charging ထောက်ပံ့တဲ့ 5,200mAh Battery ပါပါတယ်။ Forest Green, Starry Purple, Ocean Cyan နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို Honor က မပြောသေးပါဘူး။

Ref : gsmarena