Honor X7c ကို ကြေညာလိုက်ပြီး Specs အပြည့်အစုံနဲ့ ဈေးနှုန်းကို သိလာရပါပြီ။ အဲဒီဖုန်းမှာ 6.77” TFT LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display ရဲ့ Peak Brightness က 850 Nits ဖြစ်ပါတယ်။

Honor X7c debuts with SD 4 Gen 2 and 6,000 mAh battery

Punch Hole Cutout မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး ကင်မရာ ပတ်လည်မှာ Notification နဲ့ System သတင်းအချက်အလက်တွေကိုပြသပေးတဲ့ Honor Magic Capsule ပါပါတယ်။ အနောက်ဘက်မှာ 108MP Main , 2MP Depth ကင်မရာ တပ်ဆင်ထားပါတယ်။ IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး စတီရီယိုစပီကာနဲ့ နားကြပ်ပေါက် ပါပါတယ်။

Hononr X7c key specs

Honor X7c မှာ Snapdragon 685 Chipset  မောင်းနှင်ထားပြီး 6/8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပြီး 35W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။

Forest Green , Midnight Black နဲ့ Moonlight White အရောင်တွေ ထုတ်လုပ်ထားပြီး အဇာဘိုင်ဂျန်မှာ 6/128GB ကို ၂၁၂ ဒေါ်လာနဲ့ 8/256GB ကို ၂၄၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena