Honor က ဒီနှစ် မတ်လမှာ Honor X8 4G ကို ကြေညာခဲ့ပြီး အခုတော့ 5G Version ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးဟာ ဒီဇိုင်း အပိုင်းမှာ အရမ်းကို တူညီပြီး 5G Version မှာ ပိုကောင်းတဲ့ Specs တွေ ထည့်သွင်းထားပါတယ်။

HONOR X8 5G

Honor X8 5G မှာ ၆.၅ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ပါလာပါတယ်။ Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာပါတယ်။

HONOR X8 5G | HONOR Global

Snapdragon 480+ Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ Android 11 OS အခြေပြု Magic UI 4.2 မောင်းနှင်ထားပြီး 22.5W Rapid Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။

Honor X8 5G မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပြီး Dual SIM , 5G, WiFi , Bluetooth 5.2 , NFC , USB-C Port နဲ့ နားကြပ်ပေါက်တွေ တပ်ဆင်ထားပါတယ်။

နှိုင်းယှဉ်ရရင် Honor X8 4G မှာ ၆.၇ လက်မ LCD FHD+ 90Hz မျက်နှာပြင်၊ 16MP အရှေ့ ကင်မရာ ၊ 64MP Main+5MP Ultrawide + 2MP Macro ကင်မရာ ၃ လုံး ပါပါတယ်။ Snapdragon 680 Chipset ၊ 6GB RAM ၊ 22.5W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ၊ Android 11 အခြေပြု Magic UI 4.2 တွေ ပါပါတယ်။

Honor က X8 5G ရဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် မကြာခင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina