Google ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးနဲ့ လူသုံးအများဆုံး Search Engine ဆိုရင်လည်း မမှားပါဘူး။ ပုံမှန်အားဖြင့် ကိုယ်ရှာဖွေထားသမျှ Search History တွေကို Google က သိမ်းဆည်းထားမှာဖြစ်ပြီး Manual အနေနဲ့ဖျက်နိုင်သလို ပြီးခဲ့တဲ့ရက် ၃၀ နောက်ပိုင်း History တွေကိုပါ အလိုအလျောက်ဖျက်ထားနိုင်အောင် ရွေးချယ်ထားနိုင်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ iOS အသုံးပြုသူတွေအတွက် လက်တလောမှာ ရှာဖွေထားတဲ့ Search History ကို ချက်ချင်းပြန်ဖျက်နိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲ့ဒါကြောင့် ဒီ Feature ကို ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံးအနေနဲ့ ကိုယ့်ရဲ့ iOS Device ထဲမှာ Google App ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ Google App ထဲကို ဝင်ရောက်ပြီး Profile Icon ကို နှိပ်လိုက်မယ်ဆိုရင် Search History ကို တွေ့ရမှာဖြစ်ပြီး အောက်ဖက်မှာ “Delete last 15 min” ဆိုတဲ့ Option အသစ်ကို တွေ့မြင်ရမှာပါ။

အဆိုပါ Option ကို နှိပ်လိုက်တာနဲ့ နောက်ဆုံး ၁၅ မိနစ်အတွင်း ရှာဖွေထားတဲ့ Search History ကို ဖျက်ပေးသွားမှာဖြစ်ပါတယ်။ ဒီ Feature က အလွန်အသုံးဝင်တယ်ဆိုပေမယ့် ကိုယ်ဖျက်ချင်တဲ့ Search History ကို ချက်ချင်းပြန်ဖျက်ဖို့တော့ လိုအပ်မှာပါ။

Google ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ iOS အတွက်ပဲရရှိနေတာဖြစ်ပေမယ့် မကြာခင်မှာ Android အတွက်ပါ ထုတ်ပေးသွားမယ်လို့သိရပါတယ်။

Ref – The Verge