စမတ်ဖုန်းတွေမှာ Fast Charging ကို မပါမဖြစ် ထည့်သွင်းပေးလာကြပါတယ်။ Xiaomi ကလည်း ဖုန်းတွေမှာ Fast Charging ကို ထည့်ပေးထားပါတယ်။ ဒါပေမယ့် Xiaomi က သင့်ဖုန်းမှာ သတ်မှတ်ထားတာထက် ပိုမြန်တဲ့ Fast Charging ကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားပါတယ်။

Xiaomi က သင့် ဘက်ထရီ စွမ်းရည်ကို ထိခိုက်မှာ စိုးတဲ့အတွက် အဲဒါကို လျှို့ဝှက်ထားတာ ဖြစ်ပါတယ်။ သင်က ပိုမြန်တဲ့ Fast Charging ကို အသုံးပြုချင်ရင် အောက်ပါ နည်းလမ်းကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ Xiaomi ဖုန်းတိုင်းမှာ သုံးလို့မရဘဲ Compatible ဖြစ်တဲ့ ဖုန်းတွေမှာပဲ သုံးနိုင်ပါတယ်။

Fast Charging

၁။ သင့် Xiaomi ဖုန်းမှာ HyperOS Downloader သို့မဟုတ် MemeOS Enhancer ကို Play Store ကနေ ဒေါင်းပါ။ အဲဒီ App မှာ Fast Charging ကို တိုးမြှင့်တာလို Hidden Option တွေကို သုံးနိုင်ပါတယ်။

၂။ App ကို ဖွင့်ပြီး အောက်ခြေက Hidden Settings ကို နှိပ်ပါ။ Boost Charging Speed ကို ရွေးပေးပါ။ ဒါဆိုရင် Menu အသစ်ပေါ်လာမှာ ဖြစ်ပြီး Increase Charging Speed ကို ဖွင့်ပါ။

ဒါဆိုရင် သင့်ဖုန်းကို 120W, 67W စတဲ့ အမြန်နှုန်းတွေနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Flashback: a decade of Xiaomi battery and fast charging tech - GSMArena.com news

Xiaomi က အားသွင်းနှုန်းကို ဘာလို့ ကန့်သတ်ထားတာလဲ?

အားသွင်းနှုန်း မြန်တာဟာ အပူကို ပိုမို ထုတ်လွှင့်တဲ့အတွက် အချိန်ကြာလာရင် ဘက်ထရီ စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် Xiaomi က အမြန်နှုန်းကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ သင်က အားအမြန်သွင်းဖို့ အမြဲ လိုအပ်သူ ဆိုရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။

Ref: Gizchina