Nintendo ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Nintendo Switch Model တွေအတွက် Bluetooth Headphone ကို Firmware Update ကနေ တစ်ဆင့် Support ပေးခဲ့ပါတယ်။ ဒါက Nintendo Switch ကို အသုံးပြုနေတဲ့သူတွေအတွက်တော့ တကယ်ကို ဝမ်းသာစရာ update တစ်ခုဖြစ်ပါတယ်။

အဲ့ဒါကြောင့် သင့်အနေနဲ့ Nintendo Switch ကို April 2021 Firmware Update တင်ပြီးပြီဆိုရင် Bluetooth Headphone နဲ့ ဘယ်လိုမျိုး ချိတ်ဆက်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံး သိထားရမှာကတော့ Bluetooth Audio ကို အသုံးပြုမယ်ဆိုရင် ပုံမှန်အသုံးပြုတာထက် Limit ပြုလုပ်ထားတဲ့ အချက်တွေများနေတာဖြစ်ပါတယ်။ နံပါတ် (၁) အနေနဲ့ကတော့ Bluetooth Audio ကို သုံးမယ်ဆိုရင် Wireless Controller ၂ ခုကိုပဲ ချိတ်ဆက်နိုင်မှာဖြစ်ပြီး နောက်တစ်ချက်ကတော့ Local Area Network (LAN) Game တွေဆော့ကစားတဲ့အချိန်မှာ Bluetooth Audio ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

အရင်ဆုံး Bluetooth Headphone ကို ချိတ်ဆက်မယ်ဆိုရင် System Settings – Bluetooth Audio ကိုသွားပြီး Pair Device ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကြရင် ကိုယ်ချိတ်ဆက်ချင်တဲ့ Bluetooth Headphone ကို Pairing Mode အနေနဲ့ ပြောင်းလဲပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Nintendo Switch မှာ ကိုယ်ချိတ်ဆက်ချင်တဲ့ Bluetooth Headphone က ပေါ်လာမှာဖြစ်ပြီး ရွေးချယ်လိုက်တာနဲ့ ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တကယ်လို့ Bluetooth Audio ကို ပိတ်ချင်တယ်ဆိုရင်တော့ ကိုယ်ချိတ်ထားတဲ့ Device ကို Disconnect ပြုလုပ်လိုက်တာနဲ့ ပိတ်သွားမှာဖြစ်ပါတယ်။ Nintendo Switch မှာ ပါဝင်တဲ့ Bluetooth လိုမျိုး အမြဲတမ်းပွင့်နေမှာမဟုတ်တာကြောင့် ချိတ်ဆက်ချင်တဲ့အချိန်တိုင်း အခုလိုမျိုး System Setting ထဲဝင်ပြီး ချိတ်ဆက်ရမှာပါ။

Ref – PC Mag