HTC ကနေ ယခုနှစ်အတွင်းမှာ စမတ်ဖုန်းလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုပြီး သတင်းတွေထွက်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ HTC ကနေ Mid Range စမတ်ဖုန်းအသစ် ၂ လုံးဖြစ်တဲ့ Desire 20 Pro နဲ့ U20 5G ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အရင်ဆုံး HTC U20 5G ဟာ HTC ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာပြီးတော့ 6.8″20:9 Full HD+ LCD Display ကိုမှ 32MP Selfie Camera ကို Punch-hole Design နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ Back Camera Setup ကိုတော့ Quad Camera Setup ပါဝင်မှာပါ။

Back Camera တွေအနေနဲ့ကတော့ 48MP Primary Sensor ၊ 8MP Ultrawide နဲ့ 2MP Macro နဲ့ 2MP Depth Sensor တွေထည့်သွင်းထားမှာဖြစ်ပါတယ်။ Performance အနေနဲ့ကတော့ Qualcomm Snapdragon 765G ကို RAM 8GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Storage အနေနဲ့ကတော့ 256GB ပါဝင်မှာဖြစ်ပြီး MicroSD Card Slot ပါ ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကို Support ပြုလုပ်နိုင်မှာပါ။ Software ပိုင်းအနေနဲ့ကတော့ Android 10 OS ကိုပဲ အသုံးပြုထားမှာပါ။

HTC Desire 20 Pro ဖုန်းအနေနဲ့ကတော့ 6.5″ Full HD+ LCD Display ကို 25MP Selfie Camera ကို Punch-hole Design နဲ့ပဲ ပြုလုပ်ထားဦးမှာပါ။ Back Camera Setup အနေနဲ့လည်း HTC U20 5G အတိုင်းပဲ 48MP + 8M + 2MP + 2MP Quad Camera Setup ပါဝင်မယ်လို့ သိရပါတယ်။

Performance ပိုင်းမှာကတော့ Qualcomm Snapdragon 665 Chipset ပါဝင်မှာဖြစ်ပြီး RAM 6GB နဲ့ 128GB Storage တွေပါဝင်ဦးမှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း 5000mAh Battery ကို ဆက်လက်ထည့်သွင်းထားပြီး 18W Fast Charging ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။

HTC ကတော့ အဆိုပါဖုန်းတွေကို ထိုင်ဝမ်နိုင်ငံမှာ အရင်ဆုံးရောင်းချသွားမှာဖြစ်ပြီး ရောင်းချမယ့်စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ အတိအကျမသိရသေးပါဘူး။

Ref – GSM Arena