နောက်ပိုင်းထုတ် Foldable ဖုန်းတွေမှာ Ultra-thin Flexible Glass တွေ ထည့်သွင်းလာကြပါတယ်။ အခုတော့ Huawei နဲ့ Xiaomi တို့က Ultra-thin Flexible Glass တွေ မှာယူထားပြီလို့ သတင်းထွက်လာပြီး ကုမ္ပဏီတွေက သူတို့ရဲ့ Foldable ဖုန်းတွေမှာ ထည့်သွင်းဖို့ ဖြစ်ပါတယ်။ Ultra-thin Flexible Glass (UTG) ဟာ Polyimide (CPI) Film တွေရဲ့ အဆင့်မြင့် Version လို့ ပြောနိုင်ပါတယ်။ ပထမမျိုးဆက် Foldable ဖုန်းတွေ ဖြစ်တဲ့ Samsung Galaxy Fold/ Huawei Mate X တို့မှာ CPI Film ကို သုံးထားပါတယ်။ ဒါပေမယ့် UTG တွေဟာ ပိုမာကျောပြီး ပါးလွှာသလို ပိုကွေးညွှတ်နိုင်ပါတယ်။
Huawei ရဲ့ နောက်ဆုံးထုတ် Mate Xs မှာ Ultra-thin Flexible Glass သုံးထားပြီး အရင်မျိုးဆက်တွေထက် အဖက်ဖက်က ပိုကောင်းလာပါတယ်။ Xiaomi ကတော့ လက်ရှိမှာ Foldable ဖုန်း ၁ လုံးမှ မထုတ်လုပ်ရသေးပါဘူး။ Xiaomi Mi Mix Alpha ဟာ Foldable ဖုန်း မဟုတ်သလို ရောင်းလည်း မရောင်းပေးသေးပါဘူး။ Visionox ရဲ့ Flexible AMOLED Surround Screen ကို သုံးထားပါတယ်။ ကိုယ်ထည် ၁ ခုလုံးကို Screen နဲ့ ပတ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။
လက်ရှိမှာ Mate X နဲ့ Mix Alpha တို့ရဲ့ မျိုးဆက်သစ် ဖုန်းတွေ သတင်း မထွက်လာသေးပါဘူး။ ဒါပေမယ့် UTG တွေ မှာယူလိုက်တဲ့အတွက် မကြာခင်မှာ Foldable ဖုန်း အသစ်တွေကို ချပြနိုင်ပါတယ်။ Xiaomi Fans တွေဟာ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းကို စောင့်မျှော်နေကြပါတယ်။ ဒါပေမယ့် Foldable ဖုန်း နည်းပညာဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးတဲ့အတွက် ဈေးကြီးနေပါသေးတယ်။
Ref : gizchina