Huawei သည် အဆင့်မြှင့်တင်ထားသည့် HUAWEI TruSense စနစ်ကိုကမ္ဘာသို့ထုတ်ဖော်ပြသခဲ့သည်။ ဤဆန်းသစ်တီထွင်မှုကို ထည့်သွင်းဖန်တီးထားသည့် စနစ်သည် အသုံးပြုသူများအား တိကျမှန်ကန်သော သိပ္ပံအခြေပြု ကျန်းမာရေးနှင့်ကြံ့ခိုင်ရေးနည်းပညာကို ယူဆောင်လာရာတွင် နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်သည်။

Huawei သည်လွန်ခဲ့သော ၁၁ နှစ်ကစတင်ပြီး wearables လောကကို စတင်၀င်ရောက်ခဲ့ပြီး ယနေ့အထိ wearables ပေါင်း(၁၅၀)ကျော်ကို စျေးကွက်အတွင်းသို့ တင်ပို့ခဲ့ပြီး ၎င်း၏ Huawei Health app ကျန်းမာရေးအက်ပလီကေးရှင်းတွင် သုံးစွဲသူ သန်းပေါင်း ၅၂၀ ကျော်ကို ရရှိခဲ့ပါသည်။ IDC ၏အဆိုအရ ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်တွင် Huawei သည် လက်တွင်ဝတ်ဆင်နိုင်သည့် wearables ပစ္စည်းများအား တင်ပို့သည့် အရေအတွက်အများဆုံးအနေဖြင့် ကမ္ဘာ့နံပါတ် ၁ နေရာတွင်ရှိပြီး ငါးနှစ်ဆက်တိုက် တရုတ်စျေးကွက်တွင် ဦးဆောင်နေသည့် အမှတ်တံဆိပ်ဖြစ်သည်။

 

HUAWEI TruSense စနစ်အား မိတ်ဆက်သည့် ပွဲအခမ်းအနားတွင် Huawei ၏ Smart Wearable နှင့် ကျန်းမာရေးထုတ်ကုန်လိုင်း၏ President Mr. Rico Zhang က “TruSense သည် Huawei အတွက် ကြီးမားသည့် တီထွင်အောင်မြင်မှုတစ်ခုဖြစ်ပြီး ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးအား ထောက်လှမ်းနိုင်သည့် အာရုံခံကိရိယာနည်းပညာတွင် Huawei အား ဤနယ်ပယ် အတွင်းမှာ ခေတ်ရှေ့ပြေးနေစေမည့် နည်းပညာ တစ်ခုဖြစ်ပါသည်။ ဤဒစ်ဂျစ်တယ် ကျန်းမာရေး တိုးတက်မှုသည် အသုံးပြုသူများကို ပိုမိုကျန်းမာသော လူနေမှုပုံစံကို လိုက်စားရန်အထောက်အကူပြုလိမ့်မည်” အမှာစကားကို ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ အသုံးပြုသူများသည် ယခင်ကထက် ကျန်းမာရေး၏ အရေးပါပုံကို ပိုမိုသတိထားမိလာမှုကြောင့် သုံးစွဲရ အဆင်ပြေမှု၊ ပြည့်စုံမှု၊ တိကျမှု အစရှိသော စောင့်ကြည့် စစ်ဆေးမှု စွမ်းရည်များ ပါဝင်သည့် ထုတ်ကုန်များကို လိုအပ်လာကြသည်။ Huawei သည် ဤလိုအပ်ချက် အပေါ် တုံ့ပြန်ပုံမှာ ကုမ္ပဏီ၏ နောက်ဆုံးပေါ် နည်းပညာများဖြင့် ထည့်သွင်း ပေါင်းစည်းထုတ်လုပ်ထားသည့် vital sign monitoring ကျန်းမာရေးအတွက် အရေးပါသော အချက်အလက်များကို စောင့်ကြည့်နိုင်သည့် – HUAWEI TruSense စနစ်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ TruSense သည် တိကျမှန်ကန်မှု၊ ကျယ်ပြန့်မှု၊ မြန်နှုန်းမြင့်မားမှု၊ ပြောင်းလဲပြင်ဆင်နိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထပ်ခါတလဲလဲ ဆန်းစစ်နိုင်မှု စသည့် သွင်ပြင်လက္ခဏာ အချက်အလက်(၆)ချက် ဖြင့် ပေါင်းစပ်ထားသည့် ဒစ်ဂျစ်တယ်ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးဆိုင်ရာ Paradigm အသစ်ဖြစ်သည်။

၎င်း၏ စဉ်ဆက်မပြတ် အရေးပါသော လက္ခဏာ စောင့်ကြည့်ခြင်း၏ ရေရှည် တိကျသေချာစေရန်နှင့် ပိုမိုမြန်ဆန်သော ရလဒ်များ ထုတ်ပေးနိုင်စေရန်အတွက် မတူညီသော အသားအရောင်၊ လက်ကောက်ဝတ် အရွယ်အစားနှင့် ရာသီဥတုအခြေအနေများပေါ်မူတည်၍ အာရုံခံကိရိယာမှ အချက်အလက် အမျိုးမျိုးကို ပြသစေသည်စိန်ခေါ်မှုများကို ကျော်လွှားရန် ရည်ရွယ်ချက်ဖြင့် Huawei သည် အလင်း၊ လျှပ်စစ်နှင့် ရုပ်ပိုင်းဆိုင်ရာ သိပ္ပံသုတေသနတွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံခဲ့သည်။ Huawei ၏ တီထွင်ဆန်းသစ်မှုများကြောင့် နှလုံးခုန်နှုန်း၊ SpO2 နှင့် သွေးပေါင်ချိန်ကဲ့သို့သော အခြေခံညွှန်ကိန်းများ၏ တိကျမှန်ကန်မှုကို သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်မှ တရားဝင်လုပ်ငန်းအဖွဲ့ များက အသိအမှတ်ပြုထားသည်။

HUAWEI TruSense သည်ကျန်းမာရေးနှင့် ကြံ့ခိုင်မှုညွှန်းကိန်း (၆၀) ကျော်ကို တိုင်းတာနိုင်ပြီး ခန္ဓာကိုယ်၏ အဓိကစနစ် (၆)ခုကို လေ့လာစမ်းစစ်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု အစိတ်အပိုင်းကို ပါတိုင်းတာနိုင်မှာ ဖြစ်သည်။ အာရုံခံကိရိယာများသည် သုံးစွဲသူ၏ နှလုံးခုန်နှုန်းနှင့် autonomic nervous system အာရုံကြောစနစ်အချက်အလက်များကို စောင့်ကြည့်ပေးသည်။ ဤအချက်အလက်များကို အသုံးပြုသူ၏ စိတ်ပိုင်းဆိုင်ရာ သာယာဝပြောမှုနှင့် စိတ်ဖိစီးမှုအဆင့်များကို အကဲဖြတ်သည့် algorithm တစ်ခုမှ လေ့လာ ဆန်းစစ်ပေးပြီး အသုံးပြုသူများသည် ကျန်းမာသောခန္ဓာကိုယ်နှင့် ကျန်းမာသောစိတ်နှလုံး၏ အကျိုးကျေးဇူးများကို ခံစားနိုင်စေရန်ဖြစ်သည်။

HUAWEI TruSense စနစ်၏ ပြောင်းလဲပြင်ဆင်နိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထပ်ခါတလဲလဲ ဆန်းစစ်နိုင်မှု သည် ကမ္ဘာအနှံ့အပြားမှ ဒစ်ဂျစ်တယ် ကျန်းမာရေး ecosystem ၏ အစိတ်အပိုင်းတိုင်းမှ မိတ်ဖက်များအား ကျန်းမာရေးနှင့်ကြံ့ခိုင်ရေးနည်းပညာ၏ အနာဂတ်ကိုပုံဖော်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်သည်။ ဤ ဒိုမိန်းတွင် Huawei သည် အဝေးမှနေ၍ ကျန်းမာရေးစောင့်ရှောက်မှု မှသည် မိသားစု ကျန်းမာရေးစီမံခန့်ခွဲမှုအထိ ရှေ့ဆောင်သုတေသနတွင် မတူညီသော နယ်ပယ်မှ မိတ်ဖက် ၁၅၀ ကျော်နှင့်ပူးပေါင်း ခဲ့သည်။

လာမည့်နှစ်များတွင် HUAWEI TruSense စနစ်သည် ကျန်းမာရေးနှင့်ကြံ့ခိုင်ရေးသိပ္ပံပညာဖြင့် သုံးစွဲသူများ၏ဘဝကိုဆန်းသစ်တီထွင်မှုများဖြင့်ကြွယ်ဝစေရန်ကြိုးပမ်းသွားမည်ဖြစ်သည်။ HUAWEI TruSense စနစ်ကို ထည့်သွင်း အသုံးပြုထားသည့် ပထမဆုံး wearable ထုတ်ကုန်အသစ်များသည် ဤလာမည့် စက်တင်ဘာလတွင်ရောင်းချသွားမည်ဖြစ်ပါသည်။

Media release: Huawei