Huawei က အိန္ဒိယမှာ Band 8 ကို ကြေညာလိုက်ပြီး ၂၀၂၁ ခုနှစ်က အဲဒီမှာ Band 6 ကို ရောင်းချပေးခဲ့ပါတယ်။ ကြားထဲမှာ Band 7 မထွက်လာပါဘူး။

Huawei Band 8

Band 8 မှာ 1.47” AMOLED 2.5D Touch Screen တပ်ဆင်ထားပြီး 194x368p Resolution နဲ့ 282 PPI ထောက်ပံ့ထားပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ ၂၄ နာရီ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်းအတွက် Huawei TruSeen 5.0 ၊ အိပ်စက်မှု တိုင်းတာဖို့အတွက် Huawei TruSleep 3.0 နဲ့ စိတ်ဖိစီးမှု တိုင်းတာဖို့အတွက် Huawei TruRelax ကို အသုံးပြုထားပါတယ်။

HUAWEI Band 8 Specifications - HUAWEI Global

Band 8 မှာ Workout Mode ၁၀၀ ကို ထောက်ပံ့ထားပြီး ပြေးတာ၊ စက်ဘီးစီးတာ၊ ကြိုးခုန်တာတွေ ပါဝင်ပါတယ်။ Bluetooth 5.0 ကို အသုံးပြုကာ Android 6.0 ၊ iOS 9.0 နဲ့ အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၁၄ ရက် အသုံးခံပြီး အားသွင်းနှုန်းက အရင်မော်ဒယ်တွေထက် ၃၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။

Midnight Black နဲ့ Sakura Pink အရောင်တွေ ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ၄,၆၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gizmochina