Huawei က Band 9 Fitness Tracker ကို ကြေညာလိုက်ပြီး လေးထောင့် ဒီဇိုင်း ဖြစ်ပါတယ်။ အလွန်ပေါ့ပါးပြီး အလေးချိန်က ၁၄ ဂရမ်ပဲရှိကာ အထူက ၈.၉ မီလီမီတာ ဖြစ်ပါတယ်။ 1.47” AMOLED မျက်နှာပြင်ပါလာပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

Electric Blue, Light Pink, Lemon Yellow, Sand White နဲ့ Stellar Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အားကစား Mode ၁၀၀ ကျော် ထည့်သွင်းထားပြီး အိပ်စက်မှုကို တိုင်းတာပေးတဲ့ Huawei TruSleep 4.0 ပါပါတယ်။

HUAWEI Band 9 - HUAWEI Global

Huawei က သာမာန်သုံးရင် ၁၄ ရက် အသုံးခံပြီး အလွန်အကျွံ သုံးရင် ၉ ရက် အသုံးခံတယ်လို့ ပြောပါတယ်။ ၄၅ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ Bluetooth 5.3 ထောက်ပံ့ထားပြီး Android ဖုန်း ( Android 9.0 နဲ့အထက်)၊ iPhone (iOS 11 နဲ့အထက်) ၂ မျိုးစလုံးနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ကျန်းမာရေး အခြေအနေ‌တွေကို Huawei Health App မှာ ကြည့်နိုင်ပါတယ်။

Huawei က မလေးရှားမှာ Band 9 ကို ကြိုတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပေမယ့် ဈေးနှုန်းကို မကြေညာသေးပါဘူး။ မကြာခင်မှာ ဈေးနှုန်းကို ပြောမယ်လို့ ထင်ရပါတယ်။

Ref: gizmochina