Huawei က အနေအထားအမျိုးမျိုးအတွက် အသုံးပြုနိုင်ပြီး လုံခြုံအားထားရသည့် ဗီဒီယို အစည်းအဝေးခေါ်ဆိုမှုဆိုင်ရာနည်းပညာ ဖြစ်သော HUAWEI CLOUD အစည်းအဝေးစနစ် ကို တနင်္လာနေ့က အာရှပစိဖိတ်ဒေသတွင် မိတ်ဆက်ခဲ့သည်။ ဆုရရှိထားသော အဆိုပါ စက်ကိရိယာနှင့် cloud နည်းပညာ ပေါင်းစပ်ထားသည့် နည်းပညာက အင်တာနက်ပေါ်ရှိ မည်သည့် terminal၊ မည်သည့် စက်ပစ္စည်းကို မဆို အသုံးပြုနေသည့် တချိန်တည်းတွင် အစည်းအဝေးတက်ရောက်သူ ၁,၀၀၀ အထိအတွက် အချိန်မရွေး ၊ နေရာမရွေး ထိရောက်သည့် ရုံးတွင်း/ ပြင်ပ အစည်းအဝေးများကို ပြုလုပ်စေနိုင်မည် ဖြစ်သည်။

ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် အဝေးရောက် အလုပ်လုပ်ကိုင်သူများ၊ သုံးစွဲသူများ၊ မိတ်ဖက်များတို့နှင့် အဆက်အသွယ်မပြတ်ရှိနေရန်မှာ ယခင်ကထက် ပိုမိုလိုအပ်လာပြီး လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရန်နှင့် ဆက်လက်တိုးတက်နေစေရန်အတွက် လုံခြုံသည့် ဗီဒီယိုအစည်းအဝေးခေါ်ဆိုမှု ပလက်ဖောင်းများလည်း လိုအပ်လာသည်။ HUAWEI CLOUD အစည်းအဝေးစနစ်က ဒီဂျစ်တယ် ဘဏ္ဍာရေး၊ တယ်လီကွန်းဆက်သွယ်ရေး ဆေးပညာ၊ အသိဉာဏ်မြင့်စနစ်သုံး ပညာရေး၊ ဒီဂျစ်တယ် အစိုးရတို့ အပါအဝင် များပြားလှသော လုပ်ငန်းသုံး အခြေအနေများအတွက် ဒီဂျစ်တယ် အစည်းအဝေးခေါ်ဆိုမှု အတွေ့အကြုံများကို တစ်ခေတ်ဆန်းသစ်စေမည် ဖြစ်သည်။

“ အစည်းအဝေးအတွေ့အကြုံတွေမှာ ဆန်းသစ်ပြောင်းလဲမှုတွေ ဖြစ်လာစေဖို့အတွက် အလေးပေးထားတဲ့ HUAWEI CLOUD အစည်းအဝေးစနစ်တွေက အဝေးရောက် ပြောဆို ဆက်ဆံမှုတွေကို မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံရသလိုမျိုး လွယ်ကူအဆင်ချောစေဖို့ ရည်ရွယ်ထားပါတယ်။ ဒီရည်ရွယ်ချက်ကြောင့် ကျွန်တော်တို့ဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရိုးစင်းစေဖို့၊ လုပ်ငန်းစွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့နဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေကို မြန်ဆန်စေဖို့အတွက် ပင်မအသံပိုင်းနဲ့ ဗီဒီယိုပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း တွေကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်” ဟု Huawei APAC ၊ Cloud နှင့် AI ဌာန ဥက္ကဌ Daniel Zhou က ဆိုသည်။

အဝေးရောက် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဒေတာအချက်အလက် လုံခြုံရေးသည် တစတစ ပိုမို အရေးကြီးလာသည်နှင့် အမျှ HUAWEI CLOUD အစည်းအဝေးစနစ်က Cloud နှင့် device များ အသုံးပြုရာတွင် ပြည့်စုံသည့် အကာအကွယ်ပေးမှုများကို ပံ့ပိုးပေးလျက် ရှိပါသည်။ ယင်းတို့တွင် ဒီဇိုင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်ထိန်းသိမ်းမှုများမှသည် လုပ်ငန်းလုပ်ဆောင်မှုနှင့် စီမံခန့်ခွဲမှု (O & M) ဒေတာ စောင့်ကြည့်စစ်ဆေးခြင်းမှုများအထိ ယုံကြည်စိတ်ချရသော လုပ်ငန်းဆောင်ရွက်ချက်များဖြင့် ဒေတာ မျှဝေခြင်းနှင့် ကူးပြောင်းခြင်းများကို ပံ့ပိုးပေးထားခြင်းများ ပါဝင်သည်။ ဒေတာသီးခြားခွဲခြားထားမှုများ၊ AES265 စနစ်ဖြင့် contacts များနှင့် အစည်းအဝေးမှတ်တမ်းများကို စနစ်တကျ encrypt ပြုလုပ် သိမ်းဆည်းထားခြင်းများက ဒေတာလုံခြုံစွာ ပိုင်ဆိုင်မှုကို သေချာစေသည်။ HUAWEI CLOUD အစည်းအဝေး စနစ်၏ ဆန်းသစ်သည့် ဒီဇိုင်းကြောင့် Red Dot 2020 ဆုဖြင့် အသိအမှတ်ပြုချီးမြင့်မှုကို ရရှိထားပြီး ဖြစ်သည်။

စက်ကိရိယာနှင့် cloud နည်းပညာ ပေါင်းစပ်ထားမှုကြောင့် အဆိုပါ solution က click တစ်ချက်နှိပ်ရုံဖြင့် PCများ၊ မိုဘိုင်းဖုန်းများ၊ တက်ဘလက်များ၊ အစည်းအဝေးခန်း terminal များနှင့် smart tv များကြား သတင်းအချက်အလက် အလွယ်တကူ မျှဝေပေးနိုင်သည်။ အလွန် မြန်ဆန်သည့် ကြိုးမဲ့စနစ်ဖြင့် စာရွက်စာတမ်းများ၊ အသံနှင့် အရုပ်များကို ပေးပို့နိုင်သောကြောင့် အကောင်းမွန်ဆုံးသော ရလဒ်များ ရရှိစေနိုင်သည်။

ထိရောက်သည့် ဆက်သွယ်ပြောဆိုမှုများ၊ အသိဉာဏ်မြင့်စနစ်သုံး ပူးပေါင်းလုပ်ကိုင်မှုများအတွက် ဖန်တီးထားသည့် HUAWEI CLOUD အစည်းအဝေးစနစ်က ultra-HD ရုပ်ထွက်ဖြင့် တည်ငြိမ်၍ အဆင်ချောမွေ့ကာ လုံခြုံအားထားရသည့် အစည်းအဝေးခေါ်ဆိုမှု အတွေ့အကြုံများကို ပေးသည်။ ရိုးစင်းစွာ အသုံးပြုနိုင်ရန် ဖန်တီးထားသည့် အသိဉာဏ်မြင့် ထိန်းချုပ်စနစ်များကို သုံး၍ အလွယ်တကူ စီမံခန့်ခွဲနိုင်သောကြောင့် ယင်းက third-party application များ၊ web platform များဖြင့် အလွယ်တကူ ပေါင်းစပ်နိုင်သည့် fully open API များကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့် click တစ်ချက်နှိပ်ရုံဖြင့် ချက်ချင်း အလွယ်တကူ ချိတ်ဆက်နိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် cloud အစည်းအဝေးများကို ဖော်ဆောင်ပေးနိုင်ပါသည်။

အာရှပစိဖိတ်ဒေသတွင်းမှ စတင်သုံးစွဲမည့်သူများအနေဖြင့် https://rebrand.ly/hwCM1fb တွင် USD 100 တန်ကြေးရှိ အခမဲ့ ကူပွန်ကို အသုံးပြုကာ HUAWEI CLOUD အစည်းအဝေးစနစ်ကို စမ်းသပ်အသုံးပြုနိုင်ပါသည်။

Source – HUAWEI