Huawei က ကုမ္ပဏီရဲ့ ပထမဆုံး တန်ဖိုးကြီး လျှပ်စစ်ကား ဖြစ်တဲ့  Stelato S9 ကို ပြသလိုက်ပြီး တန်ဖိုးကြီး လျှပ်စစ်ကား ဈေးကွက်ထဲကို ဝင်လာပါတယ်။ ဘေဂျင်း အခြေစိုက် ကားထုတ်လုပ်သူ BAIC Group နဲ့ ပူးပေါင်း တည်ဆောက်ထားပြီး Stelato S9 ဟာ တရုတ်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လျှပ်စစ်ကား ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

Max နဲ့ Ultra Version ၂ မျိုးထုတ်လုပ်ထားပြီး Stelato S9 Max ဟာ ယူရို ၅၁,၉၀၀ ကနေ စတင်ပြီး Ultra ဟာ ယူရို ၅၈,၃၀၀ က‌နေ စတင်ပါတယ်။

Huawei debuts the Stelato S9, a high-tech luxury electric sedan

မော်ဒယ် ၂ မျိုးစလုံးမှာ စွမ်းရည်မြင့် 100 kWh Battery တပ်ဆင်ထားပြီး Max ဟာ ၈၁၆ ကီလိုမီတာနဲ့ Ultra ဟာ ၇၂၁ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ မော်ဒယ် ၂ မျိုးစလုံးဟာ ၁၅ မိနစ်ထဲ အားသွင်းတာနဲ့ ၃၀ ကနေ ၈၀ ရာခိုင်နှုန်း အားပြည့်ပါတယ်။

Huawei က Stelato S9 အတွက် နည်းပညာ အများစုကို ထောက်ပံ့ထားပြီး အဲဒီအထဲမှာ Advanced Driving System 3.0 (ADS 3.0) နဲ့ ဉာဏ်ရည်မြင့် မောင်းသူ ထောက်ကူတဲ့ စနစ်တွေ ပါပါတယ်။ ဒါ့အပြင် ကားမှာ ယာဉ်တိုက်မှုကို ရှောင်လွှဲနိုင်တဲ့ CAS 3.0 စနစ် ထည့်သွင်းထားပါတယ်။

Ref : arenaev