Huawei Enjoy 20 နဲ့ 20 Plus စမတ်ဖုန်းတို့ဟာ အခုလပိုင်းမှာ မကြာခဏ သတင်းထွက်နေပေမယ့် တရားဝင် မိတ်ဆက်ရက်ကို မကြေညာလာသေးပါဘူး။ ဒါပေမယ့် ယနေ့မှာ Enjoy 2 စမတ်ဖုန်းနှစ်လုံးရဲ့ ရှေ့နဲ့နောက်ဘက် ဒီဇိုင်းတွေကို သေသေချာချာ ဖော်ပြထားတဲ့ ပကတိ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါပြီ။

Enjoy 20 Plus ကို China Telecom ပလက်ဖောင်းပေါ်မှာလည်း တွေ့ရပြီး စက်တင်ဘာလ အစောပိုင်းမှာ တရုတ်ပြည်တွင်းစျေးကွက်ကို ရောင်းချလာမယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းသစ် နှစ်လုံးရဲ့ ပကတိပုံတွေသာမက အဓိက အချက်အလက်နဲ့ ဒီဇိုင်းတွေကိုပါ ကွဲကွဲပြားပြား ဖော်ပြလာတာ ဖြစ်ပြီး Enjoy 20 ရိုးရိုးမှာ Waterdrop Notch တစ်ခုနဲ့ 6.6” Display အသုံးပြုလာမှာပါ။ နောက်ဘက်မှာ 13MP ကင်မရာ ဦးဆောင်တဲ့ Triple-camera အတွဲနဲ့ ဘက္ထရီက 5,000 mAh ဖြစ်ပါတယ်။

Enjoy 20 Plus ဖုန်းကတော့ Notch ကင်းရှင်းနေတဲ့ 6.63” Display နဲ့ဖြစ်ပြီး 90Hz Refresh Rate ရရှိနိုင်ကာ ဆဲလ်ဖီးကင်မရာအတွက် Pop-up ဒီဇိုင်း အသုံးပြုလာပါတယ်။ နောက်ဘက်က စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Module ထဲမှာ 48MP အဓိက ကင်မရာနဲ့ အရံ Sensor နှစ်ခုတို့ ပါဝင်ပါတယ်။ အားသွင်းစနစ်က 40W လို့ဆိုပါတယ်။ Enjoy 20 ဖုန်းနှစ်မျိုုးလုံးမှာ Dimensity 720 ချစ်ပ်ဆက် အသုံးပြုလာပြီး 5G သုံးစွဲနိုင်မှာပါ။

Ref – GSMArena