Huawei ဟာ အခုလအတွင်းမှာ စမတ်ဖုန်းအသစ်တွေ အများအပြားကို မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းအသစ်တွေထဲမှာ Huawei Nova 11 Series ဖုန်းတွေလည်းပါဝင်သလို အခုထပ်မံသိရှိရတဲ့သတင်းအရ Huawei Enjoy 60X ဖုန်းကိုလည်း မိတ်ဆက်တော့မှာဖြစ်ပါတယ်။

အဆိုပါ Huawei Enjoy 60X ဖုန်းဟာ တရုတ်နိုင်ငံအတွင်းမှာပဲ မိတ်ဆက်သွားမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Specification တွေပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Huawei အတွက် နောက်ထပ်အောင်မြင်တဲ့ ဖုန်းတစ်လုံးတောင် ဖြစ်လာနိုင်ပါတယ်။

Huawei Enjoy 60X ရဲ့ Specification အနေနဲ့ဆိုရင် 6.95″ HD+ LCD Display ကို အသုံးပြုထားမှာဖြစ်ပြီး Performance ပိုင်းမှာ Huawei ရဲ့ ကိုယ်ပိုင် Kirin 710A Chipset ၊ 8GB RAM နဲ့ 128GB သို့မဟုတ် 256GB Storage ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ Huawei ရဲ့ ကိုယ်ပိုင် HarmonyOS 3.0 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Camera ပိုင်းမှာ 48MP Primary Sensor နဲ့ 2MP Camera Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး 8MP Selfie Camera လည်းပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ 7000mAh Battery ပါဝင်မှာဖြစ်တဲ့အတွက် လက်ရှိ Huawei ဖုန်းတွေထဲမှာ Battery Capacity အကြီမားဆုံးဖုန်းလည်းဖြစ်လာမှာပါ။ ပြန်အားသွင်းတဲ့အချိန်မှာတော့ 22.5W Fast Charging ကိုပဲ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

Huawei Enjoy 60X ဖုန်းဟာ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁,၉၉၉ ကနေ စတင်ရောင်းချသွားမယ်လို့ သိရပြီး မြန်မာငွေအနေနဲ့ဆိုရင် ၈ သိန်းဝန်းကျင်ခန့် ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China