Huawei ကနေ အခုနောက်ဆုံးအနေနဲ့ Nova 11 Series ဖုန်းတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Enjoy 60X ဖုန်းကိုပါ တွဲဖက်ပြီး တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Huawei Enjoy 60X ဖုန်းဟာ ကြီးမားတဲ့ 6.95″ Display ကို ထည့်သွင်းပေးထားပြီး Full HD+ Resolution အပြင် 90Hz Refresh Rate ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Selfie Camera အတွက် Punch-hole အစား Notch Design ကိုပဲ အသုံးပြုထားတာကိုတွေ့ရပါတယ်။

ဒါ့အပြင် Huawei Enjoy 60X ဖုန်းဟာ 7000mAh Battery ကို ထည့်သွင်းပေးထားပြီး လက်ရှိ စျေးကွက်အတွင်းမှာရှိတဲ့ တခြားသော Mid Range ဖုန်းတွေနဲ့ နှိုင်းယှဥ်ရင် Battery Capacity အများဆုံးဖုန်းတစ်လုံးဖြစ်လာမှာပါ။ ပြန်လည်အားသွင်းတဲ့အချိန်မှာတော့ 22.5W Charging ကိုပဲ ထောက်ပံ့ပေးထားပြီး တခြားဖုန်းတွေကိုပါ Reverse Wired Charging ဖြင့် ပြန်လည် အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာ Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ််။ Storage အနေနဲ့ 128GB ၊ 256GB နဲ့ 512GB ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Camera အနေနဲ့ 50MP + 2MP Depth Sensor ကိုပဲ ထည့်သွင်းပေးထားပြီး Selfie Camera ကို 8MP Sensor ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာ HarmonyOS 3 ကို အသုံးပြုထားပြီး Black ၊​ Green နဲ့ Silver ဆိုပြီး အရောင် ၃ မျိုးအပြင် Orange နဲ့ Black အရောင်တွေမှာ Leather Version ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Huawei Enjoy 60X ဖုန်းဟာ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁,၇၉၉ (မြန်မာငွေ ၇ သိန်းခွဲ)​ ဝန်းကျင် ကျသင့်မှာဖြစ်ပြီး လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်းမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China