အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနက Huawei India ကိုလည်း Entity List ထဲ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ထရမ့်အစိုးရရဲ့ TSMC က Huawei ကို Chip ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ ကြိုးစားပြီးနောက်ပိုင်း ထပ်မံဖိအားပေးဖို့ လုပ်ဆောင်နေတာရဲ့ နောက်ဆက်တွဲပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကစခဲ့တဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကို ထိခိုက်စေပေမယ့်လည်း အမေရိကန်ကတော့ တရုတ်အပေါ်စွပ်စွဲမှုများစွာနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေတာပဲ ဖြစ်ပါတယ်။ တရုတ်အစိုးရကလည်း အမေရိကန်ရဲ့ စွပ်စွဲမှုတွေကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီး ခိုင်မာတဲ့ သက်သေတွေ ထုတ်ပြဖို့နဲ့ အကြောင်းမဲ့ဖိနှိပ်တာတွေ ရပ်တန့်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်စီးပွားကူးသန်းကတော့ အမေရိကန် ဆော့ဖ်ဝဲလ်၊ နည်းပညာနဲ့ပြုလုပ်တဲ့ ထုတ်ကုန်တွေကို Huawei ဆီထောက်ပံ့တာမျိုး ဖြတ်တောက်ဖို့ အားထုတ်နေတာပါ။ ဒီအထဲမှာ Semiconductor တွေက အရေးအပါဆုံးကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါက ထရမ့်အစိုးရရဲ့ မဟာဗျူဟာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

အခြားနည်းလမ်းနဲ့ပြောမယ်ဆိုရင်တော့ ကုန်သွယ်ရေး၊ နည်းပညာ၊ စတာတွေကို ပူးပေါင်းဆောင်ရွက်မှုတွေကိုပါ ဖြတ်တောက်နေတာလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် Huawei နဲ့ဆက်သွယ်တဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတွေလည်း အပြန်အလှန်ဆက်သွယ်မှုကို ပိတ်ပင်ခြင်းခံနေရတာပါ။ အခုထပ်တိုးလာတာက Huawei Technologies India Private Limited ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ “Huawei နဲ့ အခြားမယုံကြည်ရတဲ့ ရောင်းချသူတွေအကြောင်းကို ကမ္ဘာအနှံ့မှာရှိတဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့မျှဝေဖို့ တစ်နှစ်ကျော်လုပ်ကိုင်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။ ထရမ့်အစိုးရအနေနဲ့ အမေရိကန်နည်းပညာကိုအသုံးချပြီး အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခံရတာမျိုးကို မလိုလားဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

(Entity List ဆိုတာဟာ ပို့ကုန်အုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်းတွေရဲ့ နောက်ဆက်တွဲအမှတ် ၄ ကနေ ၇၄၄ မှာ သတ်မှတ်ထားတဲ့အတိုင်း လိုင်စင်မရှိဘဲ ပို့ကုန်စီမံခန့်ခွဲမှုနဲ့သက်ဆိုင်တဲ့ ဘယ်ပစ္စည်းကိုမဆို လက်ခံခွင့်မပြုနိုင်တဲ့ အဖွဲ့အစည်းများစာရင်း ဖြစ်ပါတယ်။)

Ref: Gizmochina