Huawei က စွမ်းရည်မြင့် MatePad Pro 12.2 တက်ဘလက်ကို ကြေညာလိုက်ပြီး ပရော်ဖက်ရှင်နယ် သမားတွေအတွက် အသားပေး တည်ဆောက်ထားပါတယ်။ အလေးချိန်က ၅၀၈ ဂရမ် ဖြစ်ပြီး ဈေးကွက်ထဲက 12.2” တက်ဘလက်တွေထဲမှာ အပေါ့ပါးဆုံး ဖြစ်တယ်လို့ Huawei က ပြောပါတယ်။

Huawei MatePad Pro 12.2 (2024) debuts with dual-layer OLED, MatePad Air (2024) tags along

တက်ဘလက်ရဲ့ အမိုက်စား အစိတ်အပိုင်းက Display ဖြစ်ပါတယ်။ Huawei က Double-layer OLED Panel တပ်ဆင်ထားပြီး 2,000 Nits Peak Brightness နဲ့ 2.8K Resolution ထောက်ပံ့ထားတယ်လို့ ပြောပါတယ်။ Dual-layer က OLED Panel ရဲ့ သက်တမ်းကို ၃ ဆ တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုမှာ ၃၃ ရာခိုင်နှုန်း သက်သာပါတယ်။ တောက်ပတဲ့ အလင်းရောင်အောက်မှာ အလင်းပြန်တာကို လျှော့ချပေးတဲ့ နည်းပညာ ထည့်သွင်းထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Huawei က Chipset နဲ့ Battery ကို မပြောသေးပေမယ့် Huawei Kirin 9010W Processor အသစ်နဲ့ 100W Fast Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါလာနိုင်ပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP Main နဲ့ နောက်ထပ် အပို ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ တက်ဘလက်မှာ စပီကာ ၈ လုံး ထည့်သွင်းထားပါတယ်။ တက်ဘလက်အတွက် M-Pencil Stylus အတွက် အားသွင်းပေါက်ပါတဲ့ Huawei Star Leap Keyboard ထုတ်လုပ်ပေးထားပါတယ်။

Huawei MatePad Pro 12.2 အတွက် Flowing Gold, Xuan White နဲ့ Inkstone Black အရောင်တွေ ထုတ်လုပ်ထားပြီး အထူးထုတ် Flowing Gold Collector’s Edition လည်း ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 12/256GB ကို ဒေါ်လာ ၆၀၀ နဲ့ တန်ဖိုးအကြီးဆုံး 16GB/1TB Collector’s Edition ကို ၁,၁၆၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၁၃ ရက်နေ့ တရုတ်မှာ စတင် ရောင်းချမှာပါ။

Ref : gizmochina