[Unicode]

Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် Google Service ပါတဲ့ Android Device အသစ်တွေကို စိတ်တိုင်းကျ ထုတ်လို့ မရသေးပါဘူး။ အဲဒီအတွက် ဖောက်သည်တွေရဲ့ အားပေးမှု မလျော့သွားအောင် လက်ရှိရောင်းချထားတဲ့ စမတ်ဖုန်းတွေကို အနည်းငယ် မွမ်းမံပြင်ဆင်ပြီး ရောင်းချနေပါတယ်။ အခုလည်း Huawei က P30 Lite New Edition ကို ကြေညာလိုက်ပါတယ်။

အဲဒီ စမတ်ဖုန်းဟာ လွန်ခဲ့တဲ့ ၁ နှစ်က ရောင်းချခဲ့တဲ့ P30 Lite နဲ့ အခြေခံအားဖြင့် တူညီပြီး Memory နဲ့ Storage ကို မြှင့်တင်ထားပါတယ်။ P30 Lite New Edition မှာ 6GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး အရင်မော်ဒယ်မှာတော့ 4GB RAM နဲ့ 128GB Storage ပဲ ပါပါတယ်။ ဒီဇိုင်း၊ ကင်မရာ၊ SoC ၊ ဘက်ထရီ စတဲ့ တခြား Specs တွေက တူညီကြပါတယ်။ ဗြိတိန်မှာ စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ၂၉၉ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၇၀,၀၀၀ လောက်ရှိပါတယ်။

Huawei ဟာ Google Service အတွက် လိုင်စင် အသစ်တွေ တောင်းခံစရာ မလိုဘဲ ၂၀၁၉ ခုနှစ်ထုတ် စမတ်ဖုန်းတွေ အားလုံးကို ဒီနည်းနဲ့ ပြန်လည် ဆန်းသစ် ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းဟာ ရေရှည်အတွက် အသုံးဝင်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် Huawei အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ အမြန်ဆုံး ပျောက်ကွယ်သွားဖို့ မျှော်လင့်ပါတယ်။

Ref : gsmarena

[Zawgyi]

P30 Lite New Edition ကို ေၾကညာလိုက္တဲ့ Huawei

Huawei ဟာ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႔မႈေတြရွိေနတဲ့အတြက္ Google Service ပါတဲ့ Android Device အသစ္ေတြကို စိတ္တိုင္းက် ထုတ္လို႔ မရေသးပါဘူး။ အဲဒီအတြက္ ေဖာက္သည္ေတြရဲ႕ အားေပးမႈ မေလ်ာ့သြားေအာင္ လက္ရွိေရာင္းခ်ထားတဲ့ စမတ္ဖုန္းေတြကို အနည္းငယ္ မြမ္းမံျပင္ဆင္ၿပီး ေရာင္းခ်ေနပါတယ္။ အခုလည္း Huawei က P30 Lite New Edition ကို ေၾကညာလိုက္ပါတယ္။

အဲဒီ စမတ္ဖုန္းဟာ လြန္ခဲ့တဲ့ ၁ ႏွစ္က ေရာင္းခ်ခဲ့တဲ့ P30 Lite နဲ႔ အေျခခံအားျဖင့္ တူညီၿပီး Memory နဲ႔ Storage ကို ျမႇင့္တင္ထားပါတယ္။ P30 Lite New Edition မွာ 6GB RAM နဲ႔ 256GB Storage ထည့္သြင္းထားၿပီး အရင္ေမာ္ဒယ္မွာေတာ့ 4GB RAM နဲ႔ 128GB Storage ပဲ ပါပါတယ္။ ဒီဇိုင္း၊ ကင္မရာ၊ SoC ၊ ဘက္ထရီ စတဲ့ တျခား Specs ေတြက တူညီၾကပါတယ္။ ၿဗိတိန္မွာ စတင္ ေရာင္းခ်ေပးလိုက္ၿပီ ျဖစ္ၿပီး ၂၉၉ စတာလင္ေပါင္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၅၇၀,၀၀၀ ေလာက္ရွိပါတယ္။

Huawei ဟာ Google Service အတြက္ လိုင္စင္ အသစ္ေတြ ေတာင္းခံစရာ မလိုဘဲ ၂၀၁၉ ခုႏွစ္ထုတ္ စမတ္ဖုန္းေတြ အားလုံးကို ဒီနည္းနဲ႔ ျပန္လည္ ဆန္းသစ္ ေရာင္းခ်ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီနည္းဟာ ေရရွည္အတြက္ အသုံးဝင္မွာ မဟုတ္ပါဘူး။ အဲဒီအတြက္ Huawei အေပၚ စီးပြားေရး ပိတ္ဆို႔မႈေတြ အျမန္ဆုံး ေပ်ာက္ကြယ္သြားဖို႔ ေမွ်ာ္လင့္ပါတယ္။

Ref : gsmarena