Huawei Mate 40 Pro ရဲ့ Screen Protector ဓါတ်ပုံ မကြာခင်က ပေါက်ကြားထွက်လာခဲ့ပြီး မျက်နှာပြင်ကွေး ပါလာမှာပါ။ ဒါပေမယ့် ကင်မရာအတွက် Cutout ပါလာမလားဆိုတာ မသိခဲ့ရပါဘူး။ အခုတော့ Mate 40 Pro ရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပြီး အရှေ့ ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားတာက P40 Pro ဒီဇိုင်းနဲ့ တူပါတယ်။ ထိပ်ဖက်မှာ Sensor အနည်းဆုံး ၂ လုံးပါလာပြီး ၁ လုံးက IR Blaster ဖြစ်ပေမယ့် နောက် ၁ လုံးက ဘာအတွက်လဲ မသိရသေးပါဘူး။

Mate 40 Pro ရဲ့ အနောက်ကင်မရာတွေကို စက်ဝိုင်းပုံအကွက်ထဲမှာ ထည့်သွင်းထားပြီး Mate 30 Pro မှာလို မဟုတ်ဘဲ ဘေးဘက်မှာ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။ Huawei က Touch နည်းလမ်းကို စွန့်လွှတ်လိုက်ပုံရပါတယ်။

ဘေးဘက်က ကွေးညွှတ်တဲ့ ဒီဇိုင်းက အဆန်းတော့ မဟုတ်ပေမယ့် အရမ်းလှပါတယ်။ ထိပ်နဲ့ အောက်ဘက်က ဘောင်ဟာ မျဉ်းကြောင်းလေး ၁ ခုစာလောက်ပဲ ထူတာက အရမ်း မိုက်ပါတယ်။ Mate 40 Pro မှာ Google Services တွေ  မပါလာနိုင်ဘဲ Huawei Mobile Services ပဲ ပါလာမှာ သေချာပါတယ်။

Ref : gsmarena