Huawei ဟာ Mate 40 , Mate 40 Pro , Mate 40 Pro+ နဲ့ Porsche Design Mate 40 RS တို့ကို ပူပူနွေးနွေး ကြေညာထားပါတယ်။ ကာလရှည်ကြာ သတင်းများစွာ ထွက်နေတဲ့ Huawei ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီထဲက Mate 40 Pro ဟာ A.I. (Artificial Intelligence) အပိုင်းမှာ အရမ်းအထင်ကြီးစရာ ကောင်းတဲ့ စွမ်းရည် ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။

Huawei Mate 40 Pro takes the AI Benchmark crown too

Mate 40 Pro ရဲ့ အရှေ့နဲ့ အနောက် ကင်မရာတွေဟာ DxOMark ရဲ့ အကောင်းဆုံး စမတ်ဖုန်း ကင်မရာ စာရင်းမှာလည်း သရဖူဆောင်းထားပါတယ်။ အခုတော့ Kirin 9000 Chipset အသစ် ထည့်သွင်းထားတဲ့ Mate 40 Pro ဟာ AI Benchmark မှာလည်း သရဖူဆောင်းသွားပါတယ်။

Huawei Mate 40 Pro, Pro+ and RS unveiled with 5nm chipsets, amazing camera setups - GSMArena.com news

Mate 40 Pro ဟာ ၂၁၆.၆ မှတ်ရထားပြီး အနီးဆုံး ပြိုင်ဖက်က MediaTek Dimensity 1000+ Chipset ထည့်ထားတဲ့ Xiaomi Redmi K30 Ultra ဖြစ်ပါတယ်။ Redmi K30 Ultra က ၁၃၅.၃ မှတ်နဲ့ အဲဒီ Chipset ပဲ သုံးထားတဲ့ Vivo iQOO Z1 က ၁၃၃ မှတ် ရထားပါတယ်။ Mate 40 Pro ရဲ့ AI စွမ်းရည်ဟာ Redmi K30 Ultra ထက် ၆၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။

ပုံမှာ မြင်တဲ့အတိုင်းပဲ Chart ၁ ခုလုံးကို Kirin နဲ့ Dimensity Chipset တွေကပဲ အုပ်စိုးထားပြီး Snapdragon 865 Chipset ပါတဲ့ ၁ လုံးထဲသော ဖုန်း ဖြစ်တဲ့ realme X50 Pro 5G ဟာ ၇၄.၂ မှတ်နဲ့ စာရင်းထဲ ပါလာပါတယ်။

Ref : gsmarena