Huawei ဟာ လက်ရှိအချိန်မှာ ဒီနှစ်အတွက် Flagship စမတ်ဖုန်းအနေနဲ့ Huawei P40 Series ဖုန်းတွေကိုပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလဝန်းကျင်မှာလည်း Huawei ကနေ Mate 40 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အဆိုပါ Huawei Mate 40 Series ဖုန်းတွေဟာ လက်ရှိသိထားရသလောက် Camera ပိုင်းနဲ့ Design ပိုင်းမှာ ပြောင်းလဲမှုတွေရှိလာမယ်လို့ သိရပြီး အစောပိုင်းတုန်းက Display Refresh Rate ကပါ 90Hz အစား 120Hz Refresh Rate ကို အဆင့်မြှင့်တင်လာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါသတင်းက မှားယွင်းတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် “@RODENT950” အမည်ရှိတဲ့ Leaker တစ်ဦးကနေ Twitter မှာ Huawei Mate 40 Series ဖုန်းတွေမှာ လက်ရှိ P40 Series ဖုန်းတွေအတိုင်းပဲ 90Hz Refresh Rate ကိုပဲထောက်ပံ့ပေးမယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ Resolution ပိုင်းအနေနဲ့လည်း Huawei P40 Series တွေရဲ့ Full HD နဲ့ QHD ကြားက Resolution ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

Huawei Mate 40 Series ဖုန်းတွေဟာ Apple iPhone 12 Series ထက် စောပြီး မိတ်ဆက်သွားမယ်ဆိုရင် ကမ္ဘာ့ပထမဆုံးသော 5nm Architecture Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဖြစ်လာမှာပါ။ စွမ်းဆောင်ရည်ပိုင်းမှာလည်း အဆိုပါ Kirin 1000 Chipset ဟာ လက်ရှိ Kirin 990 ထက် ၅၀ ရာခိုင်နှုန်းနီးပါး ပိုပြီးကောင်းမွန်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Galaxy Note 20 Series နဲ့ iPhone 12 Pro ဖုန်းတွေဟာ 120Hz Display တွေပါဝင်လာမယ့်အတွက် အခုလိုမျိုး Huawei Mate 40 Series ဖုန်းတွေမှာ 90Hz Display ပဲသုံးလာမှာကတော့ အားနည်းချက်တစ်ခုလို့ပြောရမှာပါ။

Ref – Gizmo China