Huawei က Porsche Design နဲ့ ပူးပေါင်းကာ အထူးထုတ် Mate Series ဖုန်းတွေကို နှစ်များစွာကြာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုလည်း Huawei က Mate 60 RS Ultimate Design ကို ကြေညာလိုက်ပါတယ်။

Huawei Mate 60 RS Ultimate Design goes official

Specs အပိုင်းမှာ Mate 60 RS Ultimate Edition ဟာ Mate 60 Pro+ နဲ့ တူညီပြီး 6.82” LTPO OLED  ၊ Kirin 9000s Chipset ၊ 48MP+48MP+40MP ကင်မရာနဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Huawei Mate 60 RS Ultimate Edition in red and blackHuawei Mate 60 RS Ultimate Edition in red and black

ဒီဇိုင်းအပိုင်းမှာ ပြောင်းလဲထားပြီး Mate 60 RS Ultimate ရဲ့ အနောက်ဘက်ကို Ceramic နဲ့ တည်ဆောက်ထားပါတယ်။ Octagon စတိုင် ကင်မရာ Island ထည့်သွင်းထားပြီး အနီနဲ့ အနက်ရောင် ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်ဟာ ၂ ရောင်စပ် ဒီဇိုင်း ဖြစ်ပါတယ်။ Huawei က Mate 60 RS Ultimate အတွက် အနက်နဲ့ အနီရောင် Star Diamond Protective Case တွေထုတ်လုပ်ပေးထားပါတယ်။

Huawei Mate 60 RS Ultimate Design goes official

Huawei Mate 60 RS Ultimate Design ရဲ့ 16/512GB Version ကို ၁၁,၉၉၉ ယွမ် (၁,၆၄၁ ဒေါ်လာ)နဲ့ 16GB RAM/1TB Storage Version ကို ၁၂,၉၉၉ ယွမ် (၁,၇၇၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလနှောင်းပိုင်း စတင် ရောင်းချမှာပါ။

Ref : gsmarena