စမတ်ဖုန်းလောကကြီးဟာ Huawei ရဲ့ Mate X2 ကိုမျှော်လင့်နေပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီကြီးကတော့ မျိုးဆက်သစ် Foldable နဲ့ပတ်သက်ပြီး တိတ်ဆိတ်နေတုန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ Mate X2 ဟာ ဒီနှစ်ရဲ့ တတိယသုံးလပတ်အတွင်းမှာ ကြေညာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။

Huawei Mate X တုန်းကတော့ မျက်နှာပြင် ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာ အားနည်းချက်အချို့ရှိခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ပြည်တွင်းဈေးကွက်မှာရောင်းအားကောင်းခဲ့တယ်ဆိုပေမယ့် ပိုပြီးကျယ်ပြန့်တဲ့ဈေးကွက်တွေဆီမှာ အစမ်းသပ်ခံဖို့ လိုအပ်နေပါသေးတယ်။ အခုတော့ နောက်ထပ်မျိုးဆက်သစ် Mate X အကြောင်းတောင် ပြောနေကြပါပြီ။

ကနဦးတုန်းကတော့ Huawei Mate Xs ဟာ Mate X foldable ကို အဆင့်မြှင့်ထားတယ်လို့ ပြောခဲ့ကြပါတယ်။ လာမယ့် MWC 2020 မှာ မြင်တွေ့ရနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ အခုပြောမှာက Mate X2 ရဲ့ မူပိုင်ခွင့်ပုံအကြောင်းပါ။ Mate X နဲ့ တည်ဆောက်ထားပုံခြင်းတူတယ်ဆိုပေမယ့် Digital Pen လည်းပါဝင်နေတာကတော့ နည်းနည်း “ဆာ” တယ်လို့ဆိုရပါလိမ့်မယ်။

Huawei ဟာ Mate X2 ရဲ့ဒီဇိုင်းကို EUIPO မှာ မူပိုင်ခွင့်တင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ Mate x နဲ့ ပိုတူတယ်ဆိုပေမယ့် Digital Pen ကြောင့် Samsung ရဲ့ Idea တွေလားလို့တောင် မေးချင်စရာပါ။ Pen ကို ကင်မရာတပ်ဆင်ထားတဲ့ ဘေးဘက် Side-bar ထဲမှာ ထည့်သွင်းပေးထားတာပါ။

မူပိုင်ခွင့်ဒီဇိုင်းအရ Mate X2 ဟာ ကျောဘက်ကင်မရာ လေးလုံးပါဝင်သလို Dual selfie ကင်မရာလည်း တပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။ မျက်နှာပြင်ကလည်း အတွင်းဘက်မှာ ရှိတာကိုတွေ့ရပါတယ်။ ပရိုဆက်ဆာကတော့ Kirin 990 5G ကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။

Ref: Android community