Huawei ဟာ စွမ်းရည်မြင့် Mate 40 Series တွေကို ကြေညာဖို့ နီးနေပါပြီ။ အဲဒီထဲမှာ Mate 40 နဲ့ Mate 40 Pro တို့ ပါလာနိုင်ပြီး နောက်ထပ် စွမ်းရည်မြင့် Mate X2 Foldable ဖုန်းကိုပါ ကြေညာနိုင်ပါတယ်။ Mate X2 Foldable ကို မိတ်ဆက်မယ်လို့ Huawei က တရားဝင် မပြောသေးပေမယ့် အဲဒီဖုန်းကို နောက်နှစ်ကျမှ ရောင်းမယ်လို့လည်း သတင်းထွက်နေပါတယ်။

အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ Hands-on ဓါတ်ပုံ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး တရုတ် ဘလော့ဂါ @8090 Life Digital က မျှဝေထားတာပါ။ ဓါတ်ပုံမှာ အဲဒီ ဖုန်းကို ဖြန့်ထားတာကို မြင်ရပြီး ဒီဇိုင်းက Mate Xs နဲ့ ဆင်တူပါတယ်။ Mate Xs ဟာလည်း Mate X နဲ့ အရမ်း တူတဲ့ ဖုန်း ဖြစ်ပါတယ်။

Mate X2 Foldable စမတ်ဖုန်းဟာ အပြင်ဘက်ကို ခေါက်ချိုးရတဲ့ ဒီဇိုင်း ဖြစ်ပြီး Huawei မှတ်ပုံတင်ထားတဲ့ အတွင်းဘက်ကို ခေါက်ချိုးရတဲ့ Foldable ဖုန်း ဒီဇိုင်းနဲ့ ကွဲပြားနေပါတယ်။ Mate X2 Foldable မှာ အရင်မျိုးဆက်မှာလို Screen Protector တပ်ဆင်ထားနိုင်ပါတယ်။

Huawei Mate X2 Foldable မှာ Mate X လိုပဲ ၈ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး အနောက်ဘက်မှာ ကင်မရာတွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ စမတ်ဖုန်းမှာ စွမ်းရည်မြင့် Kirin 9000 Chipset မောင်းနှင်ထားနိုင်ပြီး Mate 40 Series တွေမှာလည်း အဲဒီ Chipset ပဲ သုံးထားနိုင်ပါတယ်။

Ref : gizmochina