Huawei ဟာ မိခင် နိုင်ငံတရုတ်မှာ လူကြိုက်များနေဆဲ ဖြစ်ပြီး နောက်ဆုံးထုတ် စွမ်းရည်မြင့် စမတ်ဖုန်း ၂ လုံး ဖြစ်တဲ့ Mate X3 နဲ့ P60 တို့ ရောင်းအားကောင်းနေပါတယ်။

Huawei CBG CTO Bruce Lee က မကြာခင်ကပြုလုပ်တဲ့ Huawei Mobile Innovation Technology Media Communication Conference မှာ Mate X3 Foldable ဟာ တရုတ်မှာ ရောင်းအားအကောင်းဆုံး ဖြစ်ပြီး P60 Series ဟာ ယွမ် ၄,၀၀၀ နဲ့ ၆,၀၀၀ ကြား စမတ်ဖုန်းတွေထဲမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။

Huawei Mate X3 and P60 are selling very well in China

Huawei ဟာ တခြား နိုင်ငံတွေမှာ စမတ်ဖုန်း ရောင်းအားကျဆင်းနေပေမယ့် မိခင် တရုတ် နိုင်ငံမှာတော့ ဖောက်သည်များစွာ ရှိနေပြီး ရောင်းအား ကောင်းနေဆဲ ဖြစ်တယ်လို့ Counterpoint Research နဲ့ တခြား ဈေးကွက် သုတေသန စစ်တမ်းတွေက ဖော်ပြနေပါတယ်။

Huawei Mate X3 and P60 are selling very well in China

Huawei ဟာ တရုတ်မှာ ၂၀၂၂ ခုနှစ် ကွာတား  ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းကထက် ၂၀၂၃ ခုနှစ် ကွာတား ၁ မှာ စမတ်ဖုန်း ရောင်းအား ၄၁ ရာခိုင်နှုန်း တိုးတက်လာပြီး ဈေးကွက်ဝေစု ၉.၂ ရာခိုင်နှုန်း မြင့်မားလာပါတယ်။

Huawei ဟာ မိခင် တရုတ် နိုင်ငံမှာ အောင်မြင်နေအောင် စီမံခန့်ခွဲထားနိုင်ပုံရပါတယ်။ စမတ်ဖုန်း ဈေးကွက် လေ့လာဆန်းစစ်သူတွေက Huawei ဟာ တရုတ်မှာ ဖောက်သည်တွေရဲ့ ယုံကြည်မှုရထားပြီး Brand အပေါ် သစ္စာရှိမှုလည်း  ရထားတယ်လို့ ပြောပါတယ်။ User တွေဟာ Huawei ရဲ့ စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်မှုတွေကို ကြိုက်နေကြပါတယ်။

Ref : gsmarena