HUAWEI Mate X Series ဟာ Foldable စျေးကွက်ထဲကို အစောဆုံးဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ တခြား Foldable ဖုန်းတွေနဲ့ယှဥ်ရင် ဒီဇိုင်းပိုင်းအရ နောက်ကျကျန်ခဲ့ပြီလို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ HUAWEI ဟာ ဒီဇိုင်းအသစ်ပြောင်းလဲထားတဲ့ Mate X3 Foldable ဖုန်းကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။

အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရ HUAWEI ဟာ Mate X3 ဖုန်းကို P60 Series မိတ်မဆက်ခင် အရင်ကြိုတင်မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ HUAWEI P60 Series ဖုန်းတွေကို လာမယ့် မတ်လအတွင်းမှာ မိတ်ဆက်သွားဖို့စီစဥ်ထားတာကြောင့် HUAWEI Mate X3 ဖုန်းကို လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ တရားဝင်မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆိုပါသတင်းကို Weibo Tipster တစ်ဦးက ဖော်ပြခဲ့တာဖြစ်ပြီး နောက်ထပ် အရေးကြီးတဲ့သတင်းတစ်ခုကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ဒါက HUAWEI Mate X3 ဖုန်းမှာ Next-Gen Satellite Communication (ဂြိုလ်တုဆက်သွယ်ရေး) နည်းပညာကို ထည့်သွင်းထားမှာပဲဖြစ်ပါတယ်။

HUAWEI ဟာ Mate 50 Series ဖုန်းတွေမှာ အခုလို ဂြိုလ်တုဆက်သွယ်ရေးနည်းပညာကို အရင်ဆုံးထည့်သွင်းခဲ့ပေမယ့် Text Message တွေကိုပဲ ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Mate X3 မှာပါဝင်မယ့် Next-Gen ဂြိုလ်တုဆက်သွယ်ရေးနည်းပညာဟာ Message တွေကို ပေးပို့နိုင်မယ့်အပြင် လက်ခံနိုင်မှာဖြစ်ပြီး Voice Message တွေကိုပါ ပေးပို့နိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် HUAWEI Mate X3 ဖုန်းဟာ Screen ကို အတွင်းဘက်ကို ခေါက်ချိုးရတဲ့ Foldable Screen ကို ပြောင်းလဲအသုံးပြုထားမှာဖြစ်ပြီး ယခင်ထက် ပိုမိုအကြမ်းခံနိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena