Huawei က ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်း ဖြစ်တဲ့ Mate XT Ultimate Design ကို ကြေညာလိုက်ပါတယ်။ ဖုန်းကို ခေါက်ထားရင် 6.4” FHD+ ဖုန်းကို သုံးနိုင်ပါတယ်။ တစ်ဝက်ဖြန့်လိုက်ရင် 7.8” 2K Display ကို သုံးနိုင်မှာ ဖြစ်ပြီး အပြည့်ဖြန့်လိုက်ရင် တက်ဘလက် အရွယ်အစား ရှိတဲ့ 10.2” 3K Display ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

Huawei Mate XT Ultimate is the first dual-fold smartphone in the world

ဖြန့်ထားရင် ဖုန်း အထူက ၃.၆ မီလီမီတာနဲ့ ခေါက်ထားရင် ၁၂.၈ မီလီမီတာ ရှိပါတယ်။ Samsung Galaxy Z Fold6 ရဲ့ ၁၂.၁ မီလီမီတာထက် အနည်းငယ် ပိုထူပါတယ်။

Huawei က Processor ကို မပြောပေမယ့် Pura 70 Series မှာ ပါတဲ့ Kirin 9000 Chip ဖြစ်နိုင်ပါတယ်။

Huawei Mate XT Ultimate is the first dual-fold smartphone in the world

ကင်မရာတွေကလည်း တော်တော် ကောင်းပါတယ်။ 50MP Main , 12MP Ultrawide , 12MP Periscope Telephoto ကို အနောက်ဘက်နဲ့ 8MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Huawei က ကမ္ဘာ့ အပါးလွှာဆုံးလို့ ပြောတဲ့ 5,600mAh Silicon Carbon Battery ထည့်သွင်းထားပြီး 66W Wired Charging နဲ့ 50W Wireless Charging ထောက်ပံ့ထားပါတယ်။

Huawei က Mate XT အတွက် Foldable Touch Keyboard ကို ဖန်တီးပေးထားပြီး ဒတ်စတော့လို သုံးချင်သူတွေအတွက် မိုက်ပါတယ်။

Huawei Mate XT Ultimate Design အတွက် Black နဲ့ Red အရောင် ထုတ်လုပ်ပေးထားပြီး 16/256GB ကို ၁၉,၉၉၉ ယွမ် ( ဒေါ်လာ ၂,၈၀၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။ ပိုမြင့်တဲ့ 16/512GB ကို ၂၁,၉၉၉ ယွမ် ( ဒေါ်လာ ၃,၀၀၀ ဝန်းကျင်) နဲ့ 16GB/1TB ကို ၂၃,၉၉၉ ယွမ် ( ဒေါ်လာ ၃,၃၀၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၀ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina