Huawei ကနေ မကြာခင်မှာပြုလုပ်သွားဖို့ရှိနေတဲ့ Mobile World Congress Event မှာ MateBook 13 နဲ့ 14 Laptop အသစ်တွေကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Laptop တွေရဲ့ Specification တွေပေါက်ကြားလာခဲ့ပါပြီ။

အခု Specs တွေကတော့ Twitter မှာပေါက်ကြားခဲ့တာဖြစ်ပြီး 10th Gen Intel Processor တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။

အရင်ဆုံး MateBook 13 2020 အနေနဲ့ကတော့ 13.3″ 2160×1440 (2K) IPS Display ကို 3:2 Ratio အပြင် Screen-to-body Ratio အနေနဲ့ 88% အထိရှိမှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Intel Core i5-10210U နဲ့ Core i7-10510U ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။ Processor ပေါ်မှုတည်ပြီးတော့ RAM 8GB နဲ့ 16GB ဆိုပြီး ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Graphic Card အနေနဲ့ကတော့ Nvidia MX250 ပါဝင်မှာဖြစ်သလို Storage အနေနဲ့လည်း 512GB PCI-E SSD ပါဝင်လာမှာပါ။ ဒါ့အပြင် Power Button မှာ Fingerprint Sensor ကိုပါ ထည့်သွင်းလာမှာဖြစ်သလို USB-C ၂ ပေါက်နဲ့ Headphone Jack ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 41.7Wh Battery နဲ့အတူ 65W Superfast Charging ပါဝင်မှာပါ။ အလေးချိန်အနေနဲ့ကတော့ 1.32Kg ရှိမှာဖြစ်ပြီး အထူအနေနဲ့ 14.9mm ရှိမှာပါ။

MateBook 14 အနေနဲ့ကတော့ 14″ 2160×1440 (2K) IPS Display ပါဝင်ပြီးတော့ 3:2 Ratio ကိုပဲ အသုံးပြုလာမယ့်အပြင် Screen-to-Body Ratio က 90% အထိရှိမှာဖြစ်ပါတယ်။ Processor ၊ RAM နဲ့ Storage တွေကတော့ MateBook 13 နဲ့ အတူတူပဲဖြစ်ပါတယ်။

Huawei MateBook 14 ရဲ့ အဓိကကွာခြားချက်ကတော့ Ports တွေဖြစ်လာနိုင်ပြီး 1 x USB 3.0 ၊ 1 x USB 2.0 ၊ 1 x HDMI port ၊ 1 x USB Type-C port နဲ့ Headphone Jack တွေပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 56Wh Battery ကိုမှ တူညီတဲ့ 65W Superfast Charge ကို Support ပြုလုပ်မှာပါ။ အထူအနေနဲ့ 1.59mm ရှိပြီးတော့ အလေးချိန်ကတော့ 1.53Kg ရှိမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်အထိ အဆိုပါ Huawei MateBook အသစ်တွေရဲ့ Design ပိုင်းနဲ့ စျေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China