Huawei ကနေ လာမယ့်ဧပြီလ ၂၃ ရက်နေ့မှာ Huawei Nova 7 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Huawei ကနေ Nova 7 Series အပြင် MatePad 10.4 Tablet ကိုပါ မိတ်ဆက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ Huawei MatePad 10.4 Tablet ဟာ ယခင်တုန်းက တရုတ်နိုင်ငံရဲ့ Retailer Website တွေဖြစ်တဲ့ JD.com နဲ့ Vmall တို့မှာဖော်ပြခဲ့ဖူးပေမယ့် အခုအချိန်ကြမှ Huawei ကနေ Weibo Official Account မှာ မိတ်ဆက်မယ့်အချိန်ကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Huawei MatePad 10.4 Tablet ဟာ Display ပိုင်းအနေနဲ့ကတော့ 10.4″ ရှိတဲ့ 1200×2000 Pixels Resolution ရှိတဲ့ Full HD+ Display ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 8MP Back Camera အပြင် Selfie Camera ကိုလည်း 8MP Sensor ပဲထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Speaker တွေအနေနဲ့ကတော့ Harman Kardon Quad Speaker Setup ပါဝင်လာမှာပါ။

Huawei MatePad 10.4 Tablet ဟာ Kirin 810 Chipset ပါဝင်မှာဖြစ်သလို RAM 4GB/64GB Storage နဲ့ RAM 6GB/128GB Storage Version ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ MicroSD Card ကနေလည်း Storage ကိုထပ်တိုးနိုင်မှာဖြစ်သလို 7250mAh Battery လည်းပါဝင်မှာဖြစ်ပါတယ်။ Wi-Fi အပြင် LTE Version ပါထွက်ရှိလာမှာဖြစ်ပြီး M-Pen Stylus ကိုလည်း Support ပြုလုပ်နိုင်မှာပါ။

Ref – GSM Arena