Huawei MatePad 10.8 Tablet အသစ်ကတော့ တရုတ်ပြည်တွင်း စျေးကွက်မှာ တရားဝင် မိတ်ဆက်သွားခဲ့ပါပြီ။ သူနဲ့ အတူ Huawei MateBook D 15 2020 Ryzen Edition, TalkBand B6, Huawei Kids Watch 4X အစရှိတဲ့ ထုတ်ကုန်သစ် တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Huawei MatePad 10.8 အသစ်ဟာ 10.8” IPS LCD Display အသုံးပြုထားပြီး 1600 x 2560p (2K Resolution) ထောက်ပံ့ပေးနိုင်ပါတယ်။ အတွင်းမှာ Kirin 990 Flagship အဆင့် ချစ်ပ်ဆက်ကို 6GB RAM နဲ့ တွဖြက်ထားပြီး 256GB Storage ဖြစ်ပါတယ်။

ဒီတက်ဘလက်မှာ Android 10 OS အခြေခံထားတဲ့ EMUI 10.1 နဲ့ အသုံးပြုရမှာဖြစ်ပြီး MicroSD Slot လည်း ပါပါတယ်။ ရှေ့ဘက်မှာ 8MP f/2.0 ဆဲလ်ဖီးကင်မရာတစ်လုံး ပါပြီး နောက်ဘက်မှာ 13MP f/1.8 Sensor ကိုတွေ့ရမှာ ဖြစ်ပေမယ့် LED Flash တော့ မမြင်ရပါဘူး။

MatePad 10.8 အသစ်မှာ 7,500 mAh ဘက္ထရီကြီး ပါဝင်ပြီး 22.5W အားသွင်းစနစ်နဲ့ တွဲဖက်ထားတယ်။ သူ့ရဲ့ အစွန်းမှာ ကီးဘုတ်နဲ့ တွဲနိုင်ဖို့ Pogo-pin Slot ရှိပါတယ်။ ကြိုတင် သတင်းထွက်ထားသလို Harmon Kardon စပီကာလေးလုံးနဲ့ Histen 6.1 Sound Effects တို့ ပါဝင်တယ်။ ဒါ့အပြင် Fingerprint, LTE, Wi-Fi 6, Bluetooth 5.0, USB-C နဲ့ 3.5mm Audio Jack တို့ ပါရှိပါတယ်။

တရုတ်ပြည်တွင်းမှာ 6/64 GB Wi-Fi သီးသန့် မော်ဒယ်ကို ယွမ် ၂၃၉၉ (ကျပ်လေးသိန်းခြောက်သောင်းခွဲ)၊ 6/128 GB Wi-Fi ဗားရှင်းကို ယွမ် ၂၇၉၉ (ကျပ် ငါးသိန်းခွဲ)၊ 6/256 GB Wi-Fi သီးသန့်ကို ကီးဘုတ်နဲ့ ဆိုရင် ယွမ် ၃၅၉၉ (ကျပ် ၇ သိန်း) နဲ့ 6/128 GB LTE မော်ဒယ်ကို ယွမ် ၃၁၉၉ (ကျပ် ၆ သိန်း ၂ သောင်းကျော်) သတ်မှတ်ထားပါတယ်။

Ref – GizmoChina