Huawei က တရုတ်မှာ MatePad Air Android တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ 2.8K Content တွေကို ပြသပေးနိုင်တဲ့ IPS မျက်နှာပြင်နဲ့ Variable Refresh Rate ပါလာပါတယ်။

Huawei MatePad Air

Huawei MatePad Air မှာ 11.5” 2880x1840p မျက်နှာပြင် တပ်ဆင်ထားပြီး 270ppi Pixel Density ထည့်ထားပါတယ်။ Screen-to-body Ratio က ၈၇ ရာခိုင်နှုန်း ဖြစ်ပြီး 30Hz -144Hz Variable Refresh Rate ထောက်ပံ့ထားပါတယ်။

Huawei MatePad Air

စွမ်းရည်မြင့် တက်ဘလက်မှာ Snapdragon 888 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ 8GB RAM/128GB Storage Version လည်း ထုတ်လုပ်ထားပါတယ်။

Huawei MatePad Air မှာ 40W Wired Charging ပါတဲ့ 8,300mAh Battery ထည့်ထားပြီး အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။ စပီကာ ၄ လုံးနဲ့ မိုက်ကရိုဖုန်း ၄ လုံး ထည့်သွင်းထားပါတယ်။

တက်ဘလက်အတွက် ဒစ်ဂျစ်တယ် ဘောပင်နဲ့ ကီးဘုတ်တွေကို သီးခြား ရောင်းချပေးမှာပါ။ တရုတ်မှာ 8/128GB ကို ၄၁၂ ဒေါ်လာ၊ 12/512GB ကို ၆၃၉ ဒေါ်လာ သတ်မှတ်ထားပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina