Huawei က တရုတ်မှာ နာမည်ကြီး MatePad Series ရဲ့ တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ MatePad Air အမျိုးအစား ဖြစ်ပြီး အရင်မျိုးဆက်ထက် ပိုကောင်းတဲ့ Specs တွေ ထည့်သွင်းထားပါတယ်။

Huawei MatePad Air

နောက်ဆုံးထုတ် MatePad Air ကို ၂၀၂၃ ခုနှစ် မေလက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ မျိုးဆက်သစ်ကို မိတ်ဆက်လိုက်ပြီး ပရီမီယမ် သတ္တု ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ကိုယ်ထည်က အလွန်ပါးလွှာပြီး ၅.၉ မီလီမီတာပဲ ရှိကာ  အလေးချိန်က ၅၅၅ ဂရမ် ဖြစ်ပါတယ်။

HUAWEI MatePad Air - HUAWEI Global

Display မှာ 144Hz Refresh Rate, 2.8K Resolution , P3 Wide Color Gamut , 3:2 Aspect Ration , 1000 Nits Peak Brightness နဲ့ HDR ထောက်ပံ့ထားပါတယ်။ Huawei က မျက်လုံးကို ကာကွယ်ပေးတဲ့ Nano Magnetic Coating ပါတဲ့ Nano Etching နည်းပညာ ထည့်သွင်းထားပြီး အလင်းပြန်မှုကို ၉၉ ရာခိုင်နှုန်း လျှော့ချပေးထားပါတယ်။ တက်ဘလက်ကို Huawei M-Pencil (3rd Gen) ၊ Star Flash Keyboard တို့နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ကြီးမားတဲ့ 10,100mAh Battery ထည့်သွင်းထားပြီး 66W Wired Fast Charging ထောက်ပံ့ထားပါတယ်။ Processor က Kirin 9000W ဖြစ်ပါတယ်။

Huawei MatePad Air 2024 အတွက် Pink, Green , White နဲ့ Gray အပါအဝင် အရောင်များစွာ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • 8GB + 256GB – 2,999 Yuan (roughly 420 US Dollars)
  • 12GB + 256GB – 3,299 Yuan (roughly 462 US Dollars)
  • 12GB + 256GB Soft Light – 3,599 Yuan (roughly 504 US Dollars)
  • 12GB + 512GB Soft Light – 3,999 Yuan (roughly 560 US Dollars)

Ref : gizmochina