Huawei က MatePad SE 11 (2024) ကို တရုတ်မှာ ကြေညာလိုက်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

တက်ဘလက်မှာ 11” IPS LCD 1920x1200p Display တပ်ဆင်ထားပြီး 60Hz Refresh Rate , 207ppi နဲ့ 400 Nits Brightness ထောက်ပံ့ထားပါတယ်။ Display ဘေးဘောင်တွေကပါးလွှာပြီး Screen-to-body Ratio က ၈၅ ရာခိုင်နှုန်း ရှိပါတယ်။

Huawei MatePad SE 11 (2024)

Snapdragon 685 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ပါပါတယ်။ 22.5W Fast Charging ထောက်ပံ့တဲ့ 7,700mAh Battery ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 5MP နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ WiFi ပဲ ပါလာပြီး ဆယ်လ်လူလာ ဆက်သွယ်မှု မပါပါဘူး။ Bluetooth 5.1 နဲ့ HarmonyOS 4.0 ထည့်သွင်းထားပါတယ်။

Huawei MatePad 11 SE (2024) အတွက် 8/128GB နဲ့ 8/256GB Version တွေ ထုတ်လုပ်ထားပြီး ၁၈၀ ဒေါ်လာနဲ့ ၂၀၅ ဒေါ်လာ အသီးသီးသတ်မှတ်ထားပါတယ်။ Space Gray နဲ့ Star Ocean Blue အရောင်တွေကို Vmall မှာ ရောင်းချထားပြီး ဓါတ်ပုံအရ Light  Green, Whte နဲ့ Light Purple အရောင်တွေလည်း ထွက်လာနိုင်ပါတယ်။

Ref : gizmochina