[Zawgyi]
ေဖေဖာ္ဝါရီလတြင္ က်င္းပခဲ့သည့္ Mobile World Congress (MWC) 2019 တြင္ ကမာၻ႔အျမန္ဆုံး 5G Foldable ဖုန္းျဖစ္သည့္ HUAWEI Mate X အား ထုတ္ေဖာ္ျပသခဲ့ၿပီး ကမာၻတစ္လႊားရွိ လူအမ်ားအျပား၏ စိတ္ဝင္စားမႈကို ရရွိခဲ့သည္။ ယခုကဲ့သို႔ လူစိတ္ဝင္စားမႈ အမ်ားအျပား ရရွိခဲ့သည့္ HUAWEI Mate X အား Huawei Consumer Business Group မွ ဧၿပီလ ၂၉ ရက္ေန႔တြင္ Huawei Head Office တည္ရွိသည့္ ျမန္မာပလာဇာ၌ ထုတ္ေဖာ္ျပသခဲ့သည္။
HUAWEI Mate Series ၏ DNA ျဖစ္သည့္ တီထြင္ဆန္းသစ္မႈအား ေပၚလြင္ေစမည့္ Falcon Wing Mechanical Hinge ဒီဇိုင္း ၊ 7nm multi-mode modem chipset Balong 5000 ၊ ကမာၻ႔အျမန္ဆုံး 55W HUAWEI SuperCharge အား ေထာက္ပံ့ႏိုင္သည့္ 4500 mAh ဘက္ထၳရီ ႏွင့္ ေနာက္ဆုံးေပၚ Interstellar Blue ကိုယ္ထည္အေရာင္မ်ား ပါဝင္သည္။ ေခါက္ထားသည့္အခ်ိန္တြင္ Mate X သည္ 6.6” အ႐ြယ္ရွိသည့္ စမတ္ဖုန္းအျဖစ္ အသုံးျပဳႏိုင္မည္ျဖစ္ၿပီး ျဖန႔္ခ်လိုက္သည့္အခါတြင္ 8” အ႐ြယ္ရွိသည့္ ပါးလႊာေသာ တတ္ဘလက္ အျဖစ္သို႔ေျပာင္းလဲအသုံးျပဳႏိုင္မည္ျဖစ္သည္။ ယခုကဲ့သို႔ ပုံစံေျပာင္းလဲအသုံးျပဳႏိုင္ျခင္းမွာ မိုဘိုင္းထုတ္ကုန္မ်ားမွ ေပးစြမ္းႏိုင္သည့္ ထုတ္ကုန္စြမ္းအား ႏွင့္ ေဖ်ာ္ေျဖမႈပိုင္းဆိုင္ရာ အေတြ႕အႀကဳံမ်ားအားအဆင့္ျမႇင့္ ေျပာင္းလဲေစႏိုင္မည္ျဖစ္သည္။
Huawei CBG ၏ CEO တစ္ဦးျဖစ္သည့္ Richard Yu မွ “သတ္မွတ္ထားတဲ့ ေဘာင္ေတြကို ေက်ာ္ျဖတ္ၿပီး ထုတ္လုပ္လာႏိုင္တဲ့ HUAWEI Mate X ရဲ႕ ေျပာင္းလဲႏိုင္မႈေတြဟာ Huawei ရဲ႕ R&D လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သတ္ၿပီး စဥ္ဆက္မျပတ္တဲ့ ေလ့လာအားထုတ္မႈမ်ားေၾကာင့္ဘဲျဖစ္ပါတယ္။ စမတ္ဖုန္းအမ်ိဳးအစား မ်ိဳးဆက္သစ္တစ္ခုျဖစ္ၿပီး 5G နည္းပညာနဲ႔ ေပါင္းစည္းထားတဲ့ Huawei Mate X မွာ ဆိုရင္ ေခါက္ႏိုင္တဲ့ မ်က္ႏွာျပင္ ၊ AI နဲ႔ အျခားေသာ သုံးစြဲသူေတြ မႀကဳံဖူးတဲ့ အေတြ႕အႀကဳံေတြကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ HUAWEI Mate X ဟာ 5G Smart Living တံခါးကို ဖြင့္လွစ္ေပးႏိုင္မယ့္ ပထမဆုံးေသာ ေသာ့တစ္ေခ်ာင္းျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။
Falcon Wing Mechanical Hinge ဒီဇိုင္းသည္ နည္းပညာ ႏွင့္ အလွအပၾကား ခ်ိန္ညႇိ မႈ တစ္ခုအား ဖန္တီးႏိုင္ခဲ့ျခင္းျဖစ္
ဝတၳဳပုံသ႑ာန္ေဆာင္သည့္ စမတ္ဖုန္းထုတ္လုပ္ျခင္း ႏွင့္ ပတ္သတ္ၿပီး Huawei ၏ ရဲရင့္သည့္ စမ္းသပ္မႈမ်ားေၾကာင့္ ယခုတြင္ စမတ္ဖုန္း ႏွင့္ တတ္ဘလက္ အျဖစ္ ႏွစ္မ်ိဳးစလုံး အသုံးျပဳႏိုင္သည့္ HUAWEI Mate X အား ထုတ္လုပ္ႏိုင္ခဲ့ၿပီး အဆိုပါ Mate X တြင္ လြယ္ကူစြာပုံစံေျပာင္းလဲႏို္င္သည့္ OLED panel ႏွင့္ falcon wing mechanical hinge ဒီဇိုင္းအား ထည့္သြင္းႏိုင္ခဲ့သည္။
6.6” ရွိၿပီး Dual Display Panel ထည့္သြင္းထားသည့္ HUAWEI Mate X သည္ စစ္မွန္သည့္ FullView Display အား ေပးစြမ္းႏိုင္မည္ျဖစ္သည္။ ျဖန႔္လိုက္သည့္အခါ HUAWEI Mate X သည္ 8” မ်က္ႏွာျပင္အ႐ြယ္ ႏွင့္ 5.4mm အထူသာရွိသည့္ တတ္ဘလတ္ အျဖစ္သို႔ ေျပာင္းလဲသြားသည္။ ပုံရိပ္မ်ားအားလည္း ပိုမိုတိက်ၾကည္လင္စြာ ေဖာ္ျပႏိုင္မွာျဖစ္ၿပီး panel မွလည္း လုံၿခဳံစိတ္ခ်ရၿပီး ၾကာရွည္ခံသည့္ လုပ္ေဆာင္ခ်က္ေကာင္းမ်ားအား ေပးစြမ္းႏိုင္မည္ျဖစ္သည္။ အဆိုပါ Foldable စမတ္ဖုန္း သည္ နည္းပညာ၏အႏွစ္သာရကို အဓိပၸါယ္ေဖာ္ေဆာင္သည့္ Interstellar Blue အေရာင္ျဖင့္ ထုတ္လုပ္ထားၿပီး ၎အခ်က္မွာ စမတ္ဖုန္းမ်ားအေပၚတြင္ သုံးစြဲသူမ်ားထားရွိသည့္ စံခ်ိန္စံႏႈန္း သတ္မွတ္ခ်က္အသစ္တစ္ခု ကို ခ်မွတ္ႏိုင္ခဲ့သည္။
နည္းပညာ ႏွင့္ အလွအပ အား ေပါင္းစပ္ထားသည့္ Falcon Wing Mechanical Hinge အမည္ရသည့္ ဒီဇိုင္းသည္ အလွအပ ႏွင့္ နည္းပညာ အလုံးစုံအား ခ်ိန္ညႇိထားသည့္ အတုယုဖြယ္ ဒီဇိုင္းတစ္ခုျဖစ္သည္။ ျဖန႔္ခ်လိုက္သည့္အခါ ပါးလႊာသည့္ မ်က္ႏွာျပင္အား ရရွိႏိုင္မည္ျဖစ္ၿပီး ေခါက္လိုက္သည့္အခါ အဆိုပါ မ်က္ႏွာျပင္ ႏွစ္ခုသည္ ခ်မွတ္ထားသည့္ ေဘာင္အတြင္းသို႔ အပိုအလိုမရွိ အံဝင္ဂြင္က် ေနရာက်သြားမည္ျဖစ္သည္။ စမတ္ဖုန္း မွ တတ္ဘလတ္ ၊ တတ္ဘလတ္ မွ စမတ္ဖုန္း အျဖစ္သို႔ အခက္အခဲမရွိ ေျပာင္းလဲေပးႏိုင္မည္ျဖစ္သည္။
ပိုမိုႀကီးမားေသာမ်က္ႏွာျပင္ျဖင့္ 5G Smart Living သို႔ ေလွ်ာက္လွမ္းျခင္း
HUAWEI Mate X သည္ 5G ျဖင့္ ထုတ္ကုန္စြမ္းအား ႏွင့္ ေဖ်ာ္ေျဖမႈပိုင္းဆိုင္ရာ ျပန္လည္အဓိပၸါယ္ေဖာ္ေဆာင္ေနသည့္ ယခုကဲ့သို႔ေသာ အခ်ိန္တြင္ စာမ်က္ႏွာသစ္ကို ဖြင့္လွစ္ေပးလိုက္ႏိုင္သည့္ multi-form factor တစ္ခုျဖစ္သည္။ တီထြင္ဆန္းသစ္ၿပီး လြယ္ကူစြာ ပုံစံေျပာင္းလဲႏိုင္သည့္ OLED Foldable FullView Display ၊ ထူးျခားသည့္ falcon wing mechanical hinge ဒီဇိုင္း ႏွင့္ အေကာင္းဆုံး 5G modem chipset Balong 5000 တို႔ ပါဝင္သည့္ ယခု ေမာ္ဒယ္အသစ္သည္ ႀကီးမားသည့္ မ်က္ႏွာျပင္သုံးစြဲျခင္း အေတြ႕အႀကဳံ ႏွင့္ လြယ္ကူစြာသယ္ေဆာင္ႏိုင္မႈ တို႔အား အခ်ိဳးက်စြာ တည္ရွိေစႏိုင္မည္ျဖစ္သည္။
ယခုကဲ့သို႔ ႀကီးမားသည့္ မ်က္ႏွာျပင္ ပါဝင္ျခင္းသည္ စာ႐ြက္စာတမ္းျပင္ဆင္ျခင္း မွ အစျပဳကာ ပိုမိုေကာင္းမြန္သည့္ စာဖတ္ျခင္း အေတြ႕အႀကဳံအထိ ေပးစြမ္းႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ သုံးစြဲသူမ်ားအား ၎တို႔ ဖုန္း gallery ထဲတြင္ရွိသည့္ ဓာတ္ပုံမ်ားအား ၎တို႔၏ email ထဲစီသို႔ split-screen mode အသုံးျပဳကာ ပို႔ေဆာင္ေစႏိုင္မည္ျဖစ္သည္။ ယခုကဲ့သို႔ ပိုမိုႀကီးမားသည့္ မ်က္ႏွာျပင္သည္ သုံးစြဲသူမ်ားအား ၎တို႔၏ အခ်ိန္အား ပိုမိုအက်ိဳးရွိစြာ အသုံးျပဳႏိုင္ေစမည္ျဖစ္သည္။
Huawei ၏ Flagship Smartphone မ်ားသည္ အၿမဲဆိုသလို အင္အားႀကီးမားသည့္ ကင္မရာမ်ား ပါဝင္ေလ့ရွိၿပီး ယခု HUAWEI Mate X မွာလည္း အစဥ္အလာမျပတ္ အင္အားႀကီးမားသည့္ ကင္မရာမ်ား ပါဝင္လာသည္။ ပါးလႊာသည့္ စမတ္ဖုန္းကိုယ္ထည္ထဲတြင္ ေနာက္ဆုံးေပၚ Leica ကင္မရာမ်ားပါဝင္လာၿပီး အဆင္ျမင့္ ပုံရိပ္ပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားအား ပံ့ပိုးေပးႏိုင္မည္ျဖစ္သည္။ အဆိုပါ foldable ဒီဇိုင္းေၾကာင့္ ပါဝင္သည့္ကင္မရာစနစ္အား အေရွ႕ ႏွင့္ အေနာက္ ကင္မရာ ႏွစ္မ်ိဳးစလုံးအျဖစ္ အသုံးျပဳႏိုင္ေစမည္ျဖစ္သည္။ ေခါက္ထားသည့္အခါ HUAWEI Mate X သည္ မ်က္ႏွာျပင္ ႏွစ္ဖက္ႏွစ္ခ်ပ္ လုံးတြင္ ႐ိုက္ကူးေနသည့္ ပုံရိပ္အား ျပသႏိုင္မည္ျဖစ္ၿပီး ႐ိုက္ကူးခံေနသည့္သူမွလည္း ႐ိုက္ကူးေနသူႏွင့္ အတူတစ္ကြ ဓာတ္ပုံ႐ိုက္ကူး ဖန္တီးခြင့္ကို ရရွိမည္ျဖစ္သည္။
ထို႔အျပင္ HUAWEI Mate X တြင္ ဘက္ေပါင္းဆုံးမွ သုံးစြဲႏိုင္မည့္ Fingerprint Power Button ပါဝင္ၿပီး သုံးစြဲသူမ်ားမွ ထုတ္ကုန္အား လက္ျဖင့္တစ္ခ်က္ထိလိုက္႐ုံျဖင့္ ပြင့္ေစမွာျဖစ္ၿပီး ပိုမိုလုံၿခဳံစိတ္ခ်ရၿပီး သက္ေတာင့္သက္သာရွိသည့္ အေတြ႕အႀကဳံအား ေပးစြမ္းႏိုင္မည္ျဖစ္သည္။
မ်ိဳးဆက္သစ္ 5G Modem Chipset အားျဖည့္ထားျခင္း
ကမာၻ႔ပထမဆုံး 7nm 5G multi-mode modem chipset Balong 5000 တပ္ဆင္ထားၿပီး အဆိုပါ chipset သည္ Sub-6 GHz band ေပၚတြင္ 4.6 Gps ျဖင့္ (သီအိုရီ အရ) မႀကဳံဖူးသည့္ 5G download speed အား ေပးစြမ္းႏိုင္မည္ျဖစ္သည္။ Balong 5000 သည္ SA ႏွင့္ NSA architectures အား ေထာက္ပံ့ေပးႏိုင္သည့္ ကမာၻ႔ပထမဆုံးေသာ chipset တစ္ခုျဖစ္ၿပီး သုံးစြဲသူမ်ားမွ 5G ခ်ိတ္ဆက္မႈအတြက္ ၎တို႔၏ ထုတ္ကုန္အား အဆင့္ျမႇင့္တင္မႈျပဳလုပ္ရန္ မလိုအပ္ေတာ့ပါ။ Huawei Mate X သည္ 4G ႏွင့္ 5G ႏွစ္မ်ိဳးစလုံးအား ေထာက္ပံ့ႏိုင္မည့္ Dual SIM လုပ္ေဆာင္ခ်က္ပါဝင္သည္။
Huawei SuperCharge အား ေထာက္ပံ့ႏိုင္သည့္ ႀကီးမားသည့္ ဘက္ထၳရီ
HUAWEI Mate X ၏ 5.4mm အထူသာရွိသည့္ ကိုယ္ထည္တြင္ 4,500 mAH ဘက္ထၳရီအား ထည့္သြင္းထားသည့္အျပင္ AI Smart Power Saving နည္းပညာ ပါဝင္သည့္အတြက္ 5G ေခတ္တြင္ လိုအပ္ေနေသာ ပိုမိုေကာင္းမြန္သည့္ ဘက္ထၳရီလုပ္ေဆာင္ခ်က္ ႏွင့္ ပတ္သတ္သည့္ ကြက္လပ္အား ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္သည္။ 55W HUAWEI SuperCharge ပါဝင္သည့္ အတြက္ ျမန္ဆန္သည့္ လူေနမႈဘဝတြင္ ေနထိုင္ေနသည့္ သုံးစြဲသူမ်ားအတြက္ အခ်ိန္တိုအတြင္း ဘက္ထၳရီအား ျပန္လည္ျဖည့္သြင္းေပးႏိုင္မည္ျဖစ္သည္။ HUAWEI SuperCharge လုပ္ေဆာင္ခ်က္သည္ ဘက္ထၳရီအား မိနစ္ ၃၀ အတြင္းမွာပင္ ၈၅ ရာခိုင္ႏႈန္းအထိ ျပန္လည္ျဖည့္သြင္းႏိုင္ေစမည္ျဖစ္သည္။
MWC 2019 တြင္ Huawei သည္ MateBook X Pro ၊ ေနာက္ဆုံးေပၚ notebook PC မ်ား ျဖစ္သည့္ HUAWEI MateBook 13 ႏွင့္ HUAWEI MateBook 14 အျပင္ HUAWEI 5G CPE Pro အစရွိသည့္ မ်ားစြာေသာ ထုတ္ကုန္မ်ားအား မိတ္ဆက္ခဲ့သည္။ 5G စတင္ထြန္းကားေနသည့္ ေခတ္တြင္ Huawei မွ သုံးစြဲသူမ်ားအား smart living အေတြ႕အႀကဳံမ်ား ေပးစြမ္းႏိုင္မည့္ မည္သည့္ လုပ္ေဆာင္ခ်က္မ်ားကို မဆို ေပးအပ္ႏိုင္ရန္ ဆုံးျဖတ္ခ်က္ခ်ထားလွ်က္ရွိသည္။
[Unicode]
Huawei မှ ကမ္ဘာ့အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သည့် Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့
ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် Mobile World Congress (MWC) 2019 တွင် ကမ္ဘာ့အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သည့် HUAWEI Mate X အား ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာတစ်လွှားရှိ လူအများအပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ယခုကဲ့သို့ လူစိတ်ဝင်စားမှု အများအပြား ရရှိခဲ့သည့် HUAWEI Mate X အား Huawei Consumer Business Group မှ ဧပြီလ ၂၉ ရက်နေ့တွင် Huawei Head Office တည်ရှိသည့် မြန်မာပလာဇာ၌ ထုတ်ဖော်ပြသခဲ့သည်။
HUAWEI Mate Series ၏ DNA ဖြစ်သည့် တီထွင်ဆန်းသစ်မှုအား ပေါ်လွင်စေမည့် Falcon Wing Mechanical Hinge ဒီဇိုင်း ၊ 7nm multi-mode modem chipset Balong 5000 ၊ ကမ္ဘာ့အမြန်ဆုံး 55W HUAWEI SuperCharge အား ထောက်ပံ့နိုင်သည့် 4500 mAh ဘက်ထ္ထရီ နှင့် နောက်ဆုံးပေါ် Interstellar Blue ကိုယ်ထည်အရောင်များ ပါဝင်သည်။ ခေါက်ထားသည့်အချိန်တွင် Mate X သည် 6.6” အရွယ်ရှိသည့် စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး ဖြန့်ချလိုက်သည့်အခါတွင် 8” အရွယ်ရှိသည့် ပါးလွှာသော တတ်ဘလက် အဖြစ်သို့ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ပုံစံပြောင်းလဲအသုံးပြုနိုင်ခြင်းမှာ မိုဘိုင်းထုတ်ကုန်များမှ ပေးစွမ်းနိုင်သည့် ထုတ်ကုန်စွမ်းအား နှင့် ဖျော်ဖြေမှုပိုင်းဆိုင်ရာ အတွေ့အကြုံများအားအဆင့်မြှင့် ပြောင်းလဲစေနိုင်မည်ဖြစ်သည်။
Huawei CBG ၏ CEO တစ်ဦးဖြစ်သည့် Richard Yu မှ “သတ်မှတ်ထားတဲ့ ဘောင်တွေကို ကျော်ဖြတ်ပြီး ထုတ်လုပ်လာနိုင်တဲ့ HUAWEI Mate X ရဲ့ ပြောင်းလဲနိုင်မှုတွေဟာ Huawei ရဲ့ R&D လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး စဉ်ဆက်မပြတ်တဲ့ လေ့လာအားထုတ်မှုများကြောင့်ဘဲဖြစ်ပါတယ်။ စမတ်ဖုန်းအမျိုးအစား မျိုးဆက်သစ်တစ်ခုဖြစ်ပြီး 5G နည်းပညာနဲ့ ပေါင်းစည်းထားတဲ့ Huawei Mate X မှာ ဆိုရင် ခေါက်နိုင်တဲ့ မျက်နှာပြင် ၊ AI နဲ့ အခြားသော သုံးစွဲသူတွေ မကြုံဖူးတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ HUAWEI Mate X ဟာ 5G Smart Living တံခါးကို ဖွင့်လှစ်ပေးနိုင်မယ့် ပထမဆုံးသော သော့တစ်ချောင်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
Falcon Wing Mechanical Hinge ဒီဇိုင်းသည် နည်းပညာ နှင့် အလှအပကြား ချိန်ညှိ မှု တစ်ခုအား ဖန်တီးနိုင်ခဲ့ခြင်းဖြစ်
ဝတ္ထုပုံသဏ္ဍာန်ဆောင်သည့် စမတ်ဖုန်းထုတ်လုပ်ခြင်း နှင့် ပတ်သတ်ပြီး Huawei ၏ ရဲရင့်သည့် စမ်းသပ်မှုများကြောင့် ယခုတွင် စမတ်ဖုန်း နှင့် တတ်ဘလက် အဖြစ် နှစ်မျိုးစလုံး အသုံးပြုနိုင်သည့် HUAWEI Mate X အား ထုတ်လုပ်နိုင်ခဲ့ပြီး အဆိုပါ Mate X တွင် လွယ်ကူစွာပုံစံပြောင်းလဲနို်င်သည့် OLED panel နှင့် falcon wing mechanical hinge ဒီဇိုင်းအား ထည့်သွင်းနိုင်ခဲ့သည်။
6.6” ရှိပြီး Dual Display Panel ထည့်သွင်းထားသည့် HUAWEI Mate X သည် စစ်မှန်သည့် FullView Display အား ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဖြန့်လိုက်သည့်အခါ HUAWEI Mate X သည် 8” မျက်နှာပြင်အရွယ် နှင့် 5.4mm အထူသာရှိသည့် တတ်ဘလတ် အဖြစ်သို့ ပြောင်းလဲသွားသည်။ ပုံရိပ်များအားလည်း ပိုမိုတိကျကြည်လင်စွာ ဖော်ပြနိုင်မှာဖြစ်ပြီး panel မှလည်း လုံခြုံစိတ်ချရပြီး ကြာရှည်ခံသည့် လုပ်ဆောင်ချက်ကောင်းများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ Foldable စမတ်ဖုန်း သည် နည်းပညာ၏အနှစ်သာရကို အဓိပ္ပါယ်ဖော်ဆောင်သည့် Interstellar Blue အရောင်ဖြင့် ထုတ်လုပ်ထားပြီး ၎င်းအချက်မှာ စမတ်ဖုန်းများအပေါ်တွင် သုံးစွဲသူများထားရှိသည့် စံချိန်စံနှုန်း သတ်မှတ်ချက်အသစ်တစ်ခု ကို ချမှတ်နိုင်ခဲ့သည်။
နည်းပညာ နှင့် အလှအပ အား ပေါင်းစပ်ထားသည့် Falcon Wing Mechanical Hinge အမည်ရသည့် ဒီဇိုင်းသည် အလှအပ နှင့် နည်းပညာ အလုံးစုံအား ချိန်ညှိထားသည့် အတုယုဖွယ် ဒီဇိုင်းတစ်ခုဖြစ်သည်။ ဖြန့်ချလိုက်သည့်အခါ ပါးလွှာသည့် မျက်နှာပြင်အား ရရှိနိုင်မည်ဖြစ်ပြီး ခေါက်လိုက်သည့်အခါ အဆိုပါ မျက်နှာပြင် နှစ်ခုသည် ချမှတ်ထားသည့် ဘောင်အတွင်းသို့ အပိုအလိုမရှိ အံဝင်ဂွင်ကျ နေရာကျသွားမည်ဖြစ်သည်။ စမတ်ဖုန်း မှ တတ်ဘလတ် ၊ တတ်ဘလတ် မှ စမတ်ဖုန်း အဖြစ်သို့ အခက်အခဲမရှိ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။
ပိုမိုကြီးမားသောမျက်နှာပြင်ဖြင့် 5G Smart Living သို့ လျှောက်လှမ်းခြင်း
HUAWEI Mate X သည် 5G ဖြင့် ထုတ်ကုန်စွမ်းအား နှင့် ဖျော်ဖြေမှုပိုင်းဆိုင်ရာ ပြန်လည်အဓိပ္ပါယ်ဖော်ဆောင်နေသည့် ယခုကဲ့သို့သော အချိန်တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးလိုက်နိုင်သည့် multi-form factor တစ်ခုဖြစ်သည်။ တီထွင်ဆန်းသစ်ပြီး လွယ်ကူစွာ ပုံစံပြောင်းလဲနိုင်သည့် OLED Foldable FullView Display ၊ ထူးခြားသည့် falcon wing mechanical hinge ဒီဇိုင်း နှင့် အကောင်းဆုံး 5G modem chipset Balong 5000 တို့ ပါဝင်သည့် ယခု မော်ဒယ်အသစ်သည် ကြီးမားသည့် မျက်နှာပြင်သုံးစွဲခြင်း အတွေ့အကြုံ နှင့် လွယ်ကူစွာသယ်ဆောင်နိုင်မှု တို့အား အချိုးကျစွာ တည်ရှိစေနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ ကြီးမားသည့် မျက်နှာပြင် ပါဝင်ခြင်းသည် စာရွက်စာတမ်းပြင်ဆင်ခြင်း မှ အစပြုကာ ပိုမိုကောင်းမွန်သည့် စာဖတ်ခြင်း အတွေ့အကြုံအထိ ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအား ၎င်းတို့ ဖုန်း gallery ထဲတွင်ရှိသည့် ဓာတ်ပုံများအား ၎င်းတို့၏ email ထဲစီသို့ split-screen mode အသုံးပြုကာ ပို့ဆောင်စေနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ပိုမိုကြီးမားသည့် မျက်နှာပြင်သည် သုံးစွဲသူများအား ၎င်းတို့၏ အချိန်အား ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်စေမည်ဖြစ်သည်။
Huawei ၏ Flagship Smartphone များသည် အမြဲဆိုသလို အင်အားကြီးမားသည့် ကင်မရာများ ပါဝင်လေ့ရှိပြီး ယခု HUAWEI Mate X မှာလည်း အစဉ်အလာမပြတ် အင်အားကြီးမားသည့် ကင်မရာများ ပါဝင်လာသည်။ ပါးလွှာသည့် စမတ်ဖုန်းကိုယ်ထည်ထဲတွင် နောက်ဆုံးပေါ် Leica ကင်မရာများပါဝင်လာပြီး အဆင်မြင့် ပုံရိပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအား ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ အဆိုပါ foldable ဒီဇိုင်းကြောင့် ပါဝင်သည့်ကင်မရာစနစ်အား အရှေ့ နှင့် အနောက် ကင်မရာ နှစ်မျိုးစလုံးအဖြစ် အသုံးပြုနိုင်စေမည်ဖြစ်သည်။ ခေါက်ထားသည့်အခါ HUAWEI Mate X သည် မျက်နှာပြင် နှစ်ဖက်နှစ်ချပ် လုံးတွင် ရိုက်ကူးနေသည့် ပုံရိပ်အား ပြသနိုင်မည်ဖြစ်ပြီး ရိုက်ကူးခံနေသည့်သူမှလည်း ရိုက်ကူးနေသူနှင့် အတူတစ်ကွ ဓာတ်ပုံရိုက်ကူး ဖန်တီးခွင့်ကို ရရှိမည်ဖြစ်သည်။
ထို့အပြင် HUAWEI Mate X တွင် ဘက်ပေါင်းဆုံးမှ သုံးစွဲနိုင်မည့် Fingerprint Power Button ပါဝင်ပြီး သုံးစွဲသူများမှ ထုတ်ကုန်အား လက်ဖြင့်တစ်ချက်ထိလိုက်ရုံဖြင့် ပွင့်စေမှာဖြစ်ပြီး ပိုမိုလုံခြုံစိတ်ချရပြီး သက်တောင့်သက်သာရှိသည့် အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်သည်။
မျိုးဆက်သစ် 5G Modem Chipset အားဖြည့်ထားခြင်း
ကမ္ဘာ့ပထမဆုံး 7nm 5G multi-mode modem chipset Balong 5000 တပ်ဆင်ထားပြီး အဆိုပါ chipset သည် Sub-6 GHz band ပေါ်တွင် 4.6 Gps ဖြင့် (သီအိုရီ အရ) မကြုံဖူးသည့် 5G download speed အား ပေးစွမ်းနိုင်မည်ဖြစ်သည်။ Balong 5000 သည် SA နှင့် NSA architectures အား ထောက်ပံ့ပေးနိုင်သည့် ကမ္ဘာ့ပထမဆုံးသော chipset တစ်ခုဖြစ်ပြီး သုံးစွဲသူများမှ 5G ချိတ်ဆက်မှုအတွက် ၎င်းတို့၏ ထုတ်ကုန်အား အဆင့်မြှင့်တင်မှုပြုလုပ်ရန် မလိုအပ်တော့ပါ။ Huawei Mate X သည် 4G နှင့် 5G နှစ်မျိုးစလုံးအား ထောက်ပံ့နိုင်မည့် Dual SIM လုပ်ဆောင်ချက်ပါဝင်သည်။
Huawei SuperCharge အား ထောက်ပံ့နိုင်သည့် ကြီးမားသည့် ဘက်ထ္ထရီ
HUAWEI Mate X ၏ 5.4mm အထူသာရှိသည့် ကိုယ်ထည်တွင် 4,500 mAH ဘက်ထ္ထရီအား ထည့်သွင်းထားသည့်အပြင် AI Smart Power Saving နည်းပညာ ပါဝင်သည့်အတွက် 5G ခေတ်တွင် လိုအပ်နေသော ပိုမိုကောင်းမွန်သည့် ဘက်ထ္ထရီလုပ်ဆောင်ချက် နှင့် ပတ်သတ်သည့် ကွက်လပ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ 55W HUAWEI SuperCharge ပါဝင်သည့် အတွက် မြန်ဆန်သည့် လူနေမှုဘဝတွင် နေထိုင်နေသည့် သုံးစွဲသူများအတွက် အချိန်တိုအတွင်း ဘက်ထ္ထရီအား ပြန်လည်ဖြည့်သွင်းပေးနိုင်မည်ဖြစ်သည်။ HUAWEI SuperCharge လုပ်ဆောင်ချက်သည် ဘက်ထ္ထရီအား မိနစ် ၃၀ အတွင်းမှာပင် ၈၅ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်သွင်းနိုင်စေမည်ဖြစ်သည်။
MWC 2019 တွင် Huawei သည် MateBook X Pro ၊ နောက်ဆုံးပေါ် notebook PC များ ဖြစ်သည့် HUAWEI MateBook 13 နှင့် HUAWEI MateBook 14 အပြင် HUAWEI 5G CPE Pro အစရှိသည့် များစွာသော ထုတ်ကုန်များအား မိတ်ဆက်ခဲ့သည်။ 5G စတင်ထွန်းကားနေသည့် ခေတ်တွင် Huawei မှ သုံးစွဲသူများအား smart living အတွေ့အကြုံများ ပေးစွမ်းနိုင်မည့် မည်သည့် လုပ်ဆောင်ချက်များကို မဆို ပေးအပ်နိုင်ရန် ဆုံးဖြတ်ချက်ချထားလျှက်ရှိသည်။