Huawei က ဒီလ ၁၇ ရက်နေ့မှာ Nova 11 ကို ကြေညာတော့မှာပါ။ Nova 11 ရဲ့ အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံဟာ မိတ်ဆက်ပွဲ မတိုင်ခင် ထွက်ပေါ်လာပြီး iPhone 14 Killer လို့ ညွှန်းဆိုထားပါတယ်။

မျက်နှာပြင် ဘေးဘောင်တွေဟာ iPhone 14 နဲ့ တူညီပြီး မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။

Huawei Nova 11 မှာ 6.7” OLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာမှာ ဖြစ်ပြီး iPhone 14 ရဲ့ 6.1” မျက်နှာပြင်ထက် ကြီးမားမှာပါ။ အထူက ၆.၈၈ မီလီမီတာပဲ ရှိပြီး iPhone 14 ရဲ့ ၇.၈၀ မီလီမီတာထက် ပါးလွှာမှာပါ။

huawei-nova-11-front

Huawei Nova 11 မှာ 4,500mAh Battery နဲ့ 66W Charging ထည့်သွင်းထားမှာပါ။ ကင်မရာတွေကို အသားပေးထားပြီး 50MP အပါအဝင် အနောက်ကင်မရာ ၃ လုံးနဲ့ 60MP အရှေ့ ကင်မရာ တပ်ဆင်ထားမှာပါ။

အရှေ့ ကင်မရာက 4K Video နဲ့ အရည်အသွေးမြင့်တဲ့ ဆဲလ်ဖီး ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။ 128GB/256GB/512GB Storage တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး Huawei ရဲ့ ကိုယ်ပိုင် Operating System ဖြစ်တဲ့ HarmonyOS မောင်းနှင်ထားမှာပါ။

ဒီဇိုင်း အကြောင်းပြောရရင် Huawei Nova 11 အတွက် အရောင် ၄ ရောင်ထုတ်လုပ်ထားမှာ ဖြစ်ပြီး စွမ်းရည်သင့် ဖုန်းကို ပရီမီယမ် ဒီဇိုင်းဖြစ်အောင် ဖန်တီးထားမှာပါ။

Huawei Nova 11 ကို Nova 11 Pro, Nova 11 Ultra တို့နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။ အထင်ကြီးစရာ Specs ၊ လှပတဲ့ ဒီဇိုင်းနဲ့ ဈေးနှုန်းချိုသာမှုကြောင့် Nova 11 ဟာ စွမ်းရည်သင့် ဖုန်း နယ်ပယ်မှာ နာမည်ကြီးလာနိုင်ပါတယ်။

Ref : gizmochina