Huawei က သတင်းတွေ ထွက်နေတဲ့ nova 11 SE ကို ကြေညာလိုက်ပါပြီ။ Huawei က Chipset ကို မပြောပေမယ့် တရုတ်က Huawei ရဲ့ အွန်လိုင်း စတိုး ဖြစ်တဲ့ Vmall မှာ Snapdragon 680 Chipset ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ LTE -only Chipset ဖြစ်ပြီး 6nm Process နဲ့ တည်ဆောက်ထားပါတယ်။ RAM ပမာဏကို မသိရသေးပါဘူး။

Huawei nova 11 SE arrives with a 108 MP camera

Huawei nova 11 SE မှာ 10-bit 6.67” OLED Full HD+ မျက်နှာပြင်ပြား တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အလယ်မှာ Punch Hole ပါလာပြီး 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားကာ 1080p Video ရိုက်ကူးနိုင်ပါတယ်။

Huawei nova 11 SE arrives with a 108 MP camera

ဖုန်းအထူက ၇.၃၉ မီလီမီတာပဲ ရှိတဲ့အတွက် အလွန်ပါးလွှာပြီး အလေးချိန်က ၁၈၆ ဂရမ် ရှိပါတယ်။ 4,500mAh Battery ပါလာပြီး 66W Charging က ၃၂ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Huawei Nova 11 SE launched with 90Hz OLED display, Snapdragon 680, 108MP triple cameras - Gizmochina

Huawei ရဲ့ HarmonyOS 4 မောင်းနှင်ထားပြီး Notification Center ကို အဆင့်မြှင့်ထားပါတယ်။ Permission စီမံခန့်ခွဲမှု ပိုကောင်းလာပြီး လက်ရှိ အခြေအနေတွေကို ကြည့်နိုင်တဲ့ Live Window ကို Notification Bar မှာ ထည့်သွင်းထားပါတယ်။

NFC ထောက်ပံ့ထားပြီး Offline Payment အတွက် ကဒ် သတင်းအချက်အလက်တွေကို သိမ်းဆည်းထားနိုင်ပါတယ်။ Dual Nano SIM Slot နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

Huawei nova 11 SE အတွက် Green , White နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 256GB Version ကို ၁,၉၉၉ ယွမ် (၂၇၃ ဒေါ်လာ)နဲ့ 512GB Version ကို ၂,၁၉၉ ယွမ် (၃၀၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၃ ရက်နေ့ရောင်းမှာပါ။

Ref : gsmarena